Pages

Thursday, October 8, 2015

***အနှစ်မဲ့ အနမ်း***


ပစ်ခွာနှုတ်ဆက် သူထားရက်လည်း
မပျက်မေတ္တာ ချစ်သစ္စာက
ရင်မှာမြစ်တွယ် ခိုင်မြဲနွယ်လျက်
လွယ်လွယ်မေ့မရ မျက်ရည်ခလို့
တမ်းတရက်ရှည် ချစ်သူဆီ။


ချစ်သူလာလမ်း မျှော်ကာမှန်းလည်း
တစ်ခန်းရပ်နှယ် ဇတ်သိမ်းလွယ်၍
ရည်ရွယ်ပန်းတိုင် မလှမ်းနိုင်ပဲ
ယိုင်နဲ့ကြေကွဲ မေ့အသဲဝယ်
ပူကဲလျက်သာ နာကျင်လာသည်။

အချစ်နဲ့ဘဝ ထပ်တူမကျလည်း
လှမ်းရအုံးမည် ပန်းတိုင်ဆီမို့
တေးသီကဗျာ ရေးစပ်ကာသာ
ဖြေရှာကြိုးစား ရုန်းကန်အားနှင့်
စိတ်ထားပြင်ဆင် လမ်းမှန်ထွင်၍
အမြင်သစ်များ ပြောင်းလဲထားလည်း
စိတ်အားရယ်က ခပ်ငယ်ငယ်။

လရိပ်လေး(မောင်းမကန်)
(8. 10. 2015)
http://layeiklay.blogspot.com/

No comments:

Post a Comment