Pages

Thursday, October 8, 2015

***အရိပ်စစ်***


နှင်းဆီရင့်ရင့် ပင်ယံတင့်လည်း
ကြွေလွင့်ချိန်မှာ မြေခရာ၏။

တေးသံချိုနှော နွေဥသြသည်
လွမ်းမောစရာ တေးဆိုပါလည်း
ရာသီနှောင်းခါ ချန်ရစ်ရာ၏။

ချစ်ကိုပေါင်းသင် သစ္စာမင်လည်း
မုန်းလျင်ခဏ ချစ်ပြယ်ကြ၍
လွမ်းရသည်သာ ဓမ္မတာပါ။

မိဘဆရာ မိတ်ဆွေဟာလည်း
ဖြစ်ရာဘဝ ကုန်လွန်ရ၍
သေကြမည်မှာ မလွဲပါ။

သို့ပါသောကြောင့်
လောကလူသား ဖြစ်တုံငြားက
တရားနိစ္စ ရှုမြင်ကြလျက်
ချိန်ရတိုင်းသာ တရားရှာ၍
မေတ္တာခြုံလွှမ်း နိဗ္ဗာန်လမ်းကို
လျှောက်လှမ်းမှသာ ငြိမ်းချမ်းရာ၏။

လရိပ်လေး (မောင်းမကန်)
(5. 10 . 2015)
http://layeiklay.blogspot.com/

No comments:

Post a Comment