Pages

Tuesday, October 27, 2015

***သူ***


သူနဲ့သာဆို မိုးမြေပြိုလည်း
တူခိုတွဲကာ ဖြစ်ကြမ္မာကို
ဖြေရှာလို့သာ လျှောက်ရဲပါသည်။

သူ၏စကား နားဝယ်ကြားက
တေးသွားပမာ ချိုမြိန်စွာနှင့်
လှမ်းရာပန်းတိုင် ဆုပ်ကိုင်နိုင်သည်။

သူ၏ရင်ခွင် ထွေးပွေ့လျင်ကား
စိတ်ရွှင်ကြည်နူး အတွေ့ထူးလျက်
ချစ်ရူးလို့ပင် ထင်တော့သည်။

သူသာမရှိ သူမသိဟု
ထင်မိထင်မှား ဖြစ်တုံငြားက
စိတ်အားပျော့ပြောင်း ပျားဖယောင်းသို့
စိတ်ထောင်းကိုယ်ကြေ လွမ်းရစ်စေလျက်
လုပ်တွေမပြီး ရှိတော့သည်။

လရိပ်လေး (မောင်းမကန်)
20 .10.2015
http://layeiklay.blogspot.com/

No comments:

Post a Comment