Pages

Sunday, May 31, 2015

***ကျမျက်ရည်***

မျက်ရည်ကျစေတဲ့
အကြောင်းအရင်းရှိရင်
မျက်ရည်ကိုတိတ်စေတဲ့
အကြောင်းအရင်းကို
ရှာတတ်ရမယ်။

လရိပ်လေး(မောင်းမကန်)
31 - 5 - 2015
http://layeiklay.blogspot.com/

***တာဝန် နဲ့ အခွင့်အရေး***

ကိုယ်လုပ်ရမဲ့တာဝန်ကို 
ကျေပွန်အောင်လုပ်ထားရင်
ကိုယ်ရသင့်တဲ့ အခွင့်အရေးကို 
တောင်းဆိုဖို့ ...
ဘယ်တော့မှ မတွန့်ဆုတ်ပါနဲ့။

လရိပ်လေး(မောင်းမကန်)
30 - 5 - 2015
http://layeiklay.blogspot.com/

***အရိပ်တစ်ခု***


သူတစ်ပါး၏စိတ်ချမ်းသာမှုနဲ့
အရိပ်ရဖို့အတွက်
မတွေးပေးသူဟာ
ကိုယ်တိုင်အရိပ်တစ်ခုရဖို့
ခဲယဉ်းတတ်တယ်။

လရိပ်လေး(မောင်းမကန်)
29 - 5 - 2015
http://layeiklay.blogspot.com/

***အောင်မြင်မှုကိုလိုချင်ရင်***

အပွင့်ကိုလိုချင် အပင်ပျိုးရသလို
အောင်မြင်မှုကိုလိုချင်ရင်
အခက်အခဲတိုင်းကို ကြံ့ကြံ့ခံပြီး
ရင်ဆိုင်ရဲရမယ်။

လရိပ်လေး(မောင်းမကန်)
27 - 5 - 2015
http://layeiklay.blogspot.com/

***အချိန်ကိုတန်ဖိုးထားလေးစားပါ***

အောင်မြင်သော လုပ်ငန်းရှင် တစ်ယောက်ဖြစ်ချင်ရင်
အချိန်ကို တန်ဖိုးထားလေးစားပါ။
ကိစ္စ အသေးမွှားလေးကအစ ဂရုစိုက်ပြီး
အချိန်နှင့် တပြေးညီ အသုံးချပါ။


လရိပ်လေး(မောင်းမကန်)
27 - 5 - 2015
http://layeiklay.blogspot.com/

***ဘဝအဖော်***


ဘဝမှာ ဒီလိုလေးရှိရင် ပိုပြည့်စုံတယ် 
အဖော်မလိုတော့ဘူး

Sunday, May 24, 2015

***ပတ်ဝန်းကျင်***

မိမိရဲ့ရည်မှန်းချက်အတိုင်း
အောင်မြင်ဖြစ်မြောက်ချင်တယ်ဆိုရင်
မိမိရည်မှန်းချက်နဲ့ သင့်လျော်သော
ပတ်ဝန်းကျင်ကို အရင်ရွေးချယ်ပါ။

လရိပ်လေး(မောင်းမကန်)
24 - 5 - 2015
http://layeiklay.blogspot.com/

***အောင်မြင်မှုကို ဆုပ်ကိုင်နိုင်ဖို့***


လောကရဲ့နေရာတိုင်းမှာ
သင်ယူရမဲ့အရာတွေနဲ့ ပြည့်နှက်နေတယ်။

ကိုယ်တိုင်သင်ယူပြီး
ပြန်အသုံးချတတ်ဖို့တော့လိုတယ်။

အချိန်ရဲ့စက္ကန့်တိုင်းကို
အသုံးချမှုတွေနဲ့ ဖန်တီးတတ်မယ်ဆိုရင်
အောင်မြင်မှုကို ဆုပ်ကိုင်နိုင်လိမ့်မယ်။

လရိပ်လေး(မောင်းမကန်)
22 - 5 - 2015
http://layeiklay.blogspot.com/

***အောင်မြင်ခြင်း အခွင့်အလမ်း***

ပြင်းပြသောဆန္ဒကို
အကောင်ထည်ဖော်ခြင်းသည်
အောင်မြင်ခြင်း အခွင့်အလမ်းကို
ဖန်တီးခြင်းဖြစ်သည်။

လရိပ်လေး(မောင်းမကန်)
21 - 5 - 2015
http://layeiklay.blogspot.com/

***လူငယ် နဲ့ ပန်းတိုင်***

လူငယ်တိုင်းမှာ အတွေးခေါ်ကောင်းတွေရှိတယ်။
ထိုက်တန်တဲ့ နေရာမှာ အသုံးချရင်း
ဘဝရည်မှန်းချက်ဆီ လှမ်းတက်ပါ။

ဦးနှောက်ဖောက်စားသူများကို ရှောင်ရင်း
ဦးနှောက်ဖြင့် တန်ဖိုးရှိစွာ တွေးတောကြံဆပါ။
ပန်းတိုင်က နီးနီးလေးမှာပါ။


လရိပ်လေး(မောင်းမကန်)
21 - 5 - 2015
http://layeiklay.blogspot.com/

***သနားစရာ***

မိုးစက်လေပြေ ရိုက်ခတ်မွှေတော့
ရက်ကြွေလေလွင့် ပိတောက်ပွင့်တွေ
နွမ်းရစ်လေတာ သနားစရာ။

နေမင်းပူတွေ လောင်ကျွမ်းစေတော့
စမ်းရေခန်းစေ ငါးတွေသေလျက
နွမ်းကြေကြတာ သနားစရာ။

အတ္တဖုံးလွှမ်း ဒေါသကြမ်းလျက်
မှားမှန်းမသိ မောဟပိ၍
တွေ့ထိလောဘ ရှိနေကလည်း
လူဖြစ်ရတာ သနားစရာ။

လရိပ်လေး(မောင်းမကန်)
20 - 5 - 2015
http://layeiklay.blogspot.com/

***ဟော့ပေါ့စားလိုက်အုံးမယ်***

ဒီနေ့တော့ သူငယ်ချင်းလိုက်ကျွေးလို့ ဟော့ပေါ့စားလိုက်အုံးမယ်။

မရေ... မန်းလေးရောက်တုန်း 
ဂရုတစိုက် လိုက်ပြီးကျွေးတာ
အရမ်းကျေးဇူးတင်ပါတယ်။ 
ထပ်တူကျသော ပျော်ရွှင်မှု ရရှိပါစေရှင်။

လရိပ်လေး(မောင်းမကန်)
20 - 5 - 2015
http://layeiklay.blogspot.com/

***မန္တလေးအလွမ်း***

မိုးရေဖွေးဖွေး ရွှေမန်းလေးမှာ
လွမ်းတေးလေးပဲ ညည်းလိုက်ချင်။

ညည်းဆိုလည်းလေ လွမ်းမဖြေသာ
မန်းမြေမှာ နွမ်းနေရရှာတယ်။

သည်ချိန်ခါမှာ ချစ်သူသာလျင်
ဘေးမှာတူယှဉ် ရှိစေချင်သည်
သခင်မြင်လှည့် သိစေချင်။

လရိပ်လေး(မောင်းမကန်)
19 - 5 - 2015
http://layeiklay.blogspot.com/

မင်းတုန်းမင်းတရားကြီး နဲ့ မိဖုရား

မင်းတုန်းမင်းတရားကြီး နဲ့ မိဖုရားကို အားကျလို့

***ဝေဖန်သုံးသပ်ပါ***

သူများရဲ့စိတ်ထားကို ဝေဖန်သုံးသပ်တာထက်
မိမိစိတ်ထားကို အရင်ဝေဖန်သုံးသပ်ပါ။

လရိပ်လေး( မောင်းမကန် )
17 - 5 - 2015
http://layeiklay.blogspot.com/

***လွမ်း***

လွမ်းဆွတ်မှုတွေ ရင်ကိုမွှေလျက်
မဖြေသာရင်း နွမ်းလျခြင်းနှင့်
နေမင်းတမျှ ပူလောင်လှ၏။

လရိပ်လေး( မောင်းမကန် )
17 - 5 - 2015
http://layeiklay.blogspot.com/

****စကား***

မိမိရဲ့နှုတ်ထွက် စကားတစ်ခွန်းက
တခြားသူရဲ့ စိတ်ဓာတ်ကို
ရိုက်ချိုးနိုင်သလို
မိမိလုပ်ရပ်ကိုလည်း
ဖော်ထုတ်ပြီးသား ဖြစ်သွားနိုင်တယ်။

လရိပ်လေး( မောင်းမကန် )
16 - 5 - 2015
http://layeiklay.blogspot.com/

****မိုးထက်မြင့်သော***

နေမင်းအပူ ရင်မှာဆူလည်း
အကူကိရိယာ တပ်ဆင်ကာဖြင့်
အေးရာရှာ၍ ရနိုင်၏။

မိုးမင်းရွာချ စိုရွှဲကလည်း
ရိပ်ရရှာဖွေ ခိုနားနေလျက်
အေးရာရှာ၍ ရနိုင်၏။

မောဟလည်းဖုံး ဒေါသသုံးသည့်
ကျင့်ထုံးမမှန် လူမိုက်ဆန်သည့်
ပြန်လှန်လှည့်စား ထိုသူများနှင့်
စိတ်ထားတူရာ ညှိရာမှာမူ
အေးရာရှာဖို့ ခက်လှ၏။

လရိပ်လေး (မောင်းမကန်)
15 - 5 - 2015
http://layeiklay.blogspot.com/

Friday, May 15, 2015

***တန်ဖိုး***


မိန်းမတစ်ယောက်ဟာ
ယောက်ျားတစ်ယောက်ရဲ့
လစာ ၅သိန်းကို
မျှော်လင့်တာထက်
ကိုယ်တိုင် ဝင်ငွေ ၅သိန်းရရှိအောင်
လုပ်တာ ပိုတန်ဖိုးရှိပါတယ်။

လရိပ်လေး(မောင်းမကန်)
6 - 5 - 2015
http://layeiklay.blogspot.com/

Thursday, May 14, 2015

*** အောင်မြင်မှုတစ်ခုဖြစ်လာဖို့***

ဇာတ်သိမ်းကို ကြောက်နေရင်
ဇာတ်လမ်းစဖြစ်မှာ မဟုတ်ဘူး။

ဇာတ်လမ်းကိုအရင်စပြီး
ဇာတ်သိမ်းကောင်းအောင်လုပ်ပါ။

အစနဲ့ အဆုံးကြား သုံးရမဲ့ နည်းစနစ်နဲ့
ပြောင်းလဲရမဲ့ မဟာဗျူဟာကို ရွေးချယ်တတ်ရင်
ဇာတ်သိမ်းကလှပတဲ့ အောင်မြင်မှုတစ်ခုဖြစ်လာမယ်။

လရိပ်လေး (မောင်းမကန်)
14 - 5 - 2015

***ပန်းတိုင်သို့***



လုပ်ငန်းတစ်ခု အစပြုက
မေးသူပြောသူ ကြံပြုယူလျက်
တွေးကူသုံးသပ် ဆင်ခြင်မှတ်၍
မပြတ်လေ့လာ လေ့ကျင့်ပါမှ
လိုရာပန်းတိုင် ရောက်ရှိနိုင်မည်။


လရိပ်လေး(မောင်းမကန်)
12 - 5 - 2015
http://layeiklay.blogspot.com/

***အမှတ်ရဆုံးမွေးနေ့လေး***


မဟာမြတ်မုနိဘုရား
မျက်နှာတော်သစ်ချိန် အမှီသွားရင်း
မွေးနေ့မှာ ဒါနပြုခဲ့ရလို့
စိတ်ကြည်နူးပါတယ်။




 မွေးနေ့ကုသိုလ်ကို
ပါရမီ ဖြည့်ပေးကြတဲ့ သူငယ်ချင်းတွေနဲ့
အိပ်ရေးအပျက်ခံပြီး လိုက်ပို့ပေးတဲ့
သူငယ်ချင်း ကိုနေဝင်းအောင်ကို
အရမ်းကျေးဇူးတင်ပါတယ်။

ဘဝတစ်သက်တာလုံး မှာ
အမှတ်ရဆုံးမွေးနေ့လေးပါ။
ကုသိုလ် အမျှကို
ကျွန်မနဲ့ ထပ်တူ ထပ်မျှ ရရှိကြပါစေရှင်။

လရိပ်လေး(မောင်းမကန်)
12 - 5 - 2015
http://layeiklay.blogspot.com/

*** ကြည်နူးဖွယ်***

ပူပင်သမျှ ငြိမ်းချမ်းရ၍
သောကကင်းရာ ဆိပ်ငြိမ်ပါသည့်
သည်ဌာနေဝယ် ကြည်နူးဖွယ်။

လရိပ်လေး(မောင်းမကန်)
11 - 5 - 2015
http://layeiklay.blogspot.com/

အမေများနေ့ အမှတ်တရကုသိုလ်


အမေများနေ့မှာ အမေ့အတွက်
မန္တလေး မဟာမြတ်မုနိဘုရားမှာ
ကုသိုလ်ပြုရင်း အမှတ်တရ

လရိပ်လေး(မောင်းမကန်)
10 - 5 - 2015

***ခေါင်းဆောင်ကောင်း***


အများအတွက်
ခေါင်းဆောင်ကောင်းဆိုတာ
နောက်လူငယ်တွေ
နေရာရဖို့အတွက်
လိုအပ်ချိန်မှာ
နောက်ဆုတ်ပေးတတ်ရတယ်။


လရိပ်လေး(မောင်းမကန်)
9 - 5 - 2015
http://layeiklay.blogspot.com/

Friday, May 8, 2015

သင်တန်းအစ


မန္တလေး Training တွင်
ကချင်တိုင်းရင်းသားများနှင့်
ဒီနေ့ (8 - 5 - 2015) မိတ်ဆက်ရင်း သင်တန်းစနေစဉ်

ရည်မှန်းချက်တစ်ခုရောက်ဖို့



ရည်မှန်းချက်တစ်ခုရောက်ဖို့
တခါတလေ နှလုံးသားကို ရိုက်ချိုးရတယ်၊
မိသားစုနဲ့ခွဲခွာရတယ်၊ မွေးရပ်မြေကိုစွန့်ရတယ်၊
အခက်ခဲကိုကျော်လွှားရတယ်၊
ဖြစ်သင့်တာလုပ်ပြီး ဖြစ်ချင်တာကို ပယ်ချရတယ်၊

တခါတလေ မျက်ရည်ကိုအဖော်ပြုမိတယ်၊
အထီးကျန်မှုကို ဖက်တွယ်ရတယ်။
ဒါပေမဲ့ အချိန် အတိုင်းတာတစ်ခုကို စောင့်ပြီး
ဉာဏ်နဲ့ ယှဉ်ရင်း ဇွဲသတ္တိနဲ့ ကြိုးစားရင်
ရည်မှန်းချက်က ကိုယ့်ကိုစောင့်နေလိမ့်မယ်။

လရိပ်လေး(မောင်းမကန်)
7 - 5 - 2015

EDNA MYANMAR မှ ဒါရိုက်တာ အဖွဲ့ဝင်များနဲ့ ပွဲတက်နေစဉ်



CHATRIUM HOTEL
THE NIPPON FOUNDATION
သတင်းစာရှင်းလင်းပွဲမှာ
ကျွန်မတို့ EDNA MYANMAR မှ
ဒါရိုက်တာ အဖွဲ့ဝင်များနဲ့ ပွဲတက်နေစဉ်
27 - 4 - 2015


***ကဗျာတစ်ပုဒ်ဖန်ဆင်းခြင်း***


အချစ်ကဗျာ ရေးခဲ့ပါက
ရင်မှာချစ်သိ အချစ်ရှိမှ
ထိထိမိမိ ရသရှိ၏။

အလွမ်းကဗျာ ရေးချင်ပါမူ
ရင်နာလမ်းခွဲ ချစ်ပြတ်စဲ၍
သည်းကွဲမှသာ ရသရှိ၏။

ပညာမျှရာ ထိုကဗျာကို
စိတ်ပါလက်ပါ ရေးချင်ပါမူ
ပညာဉာဏ်ရည် ပေါင်းစုတည်လျက်
ရေရှည်ရေးမှ ရသရှိ၏။

သုတသာရေး ရသဝေးလျင်
ရေဝေးပန်းနှယ် နွမ်းခြောက်လွယ်ကာ
ပျင်းဖွယ်ကဗျာ မလှပါလျက်
ရင်မှာမထိ ရသမဲ့၏။

လရိပ်လေး(မောင်းမကန်)
6 – 5 - 2015
http://layeiklay.blogspot.com/

*** ရွှေမန်းဆီသို့...***


ရွှေမန္တလေးမြေ လှမ်းခဲ့ပေပြီ
ရေမြေရပ်ခြား မိတ်ဆွေများနှင့်
တသားတည်းကျ ပေါင်းစည်းမျှလျက်
ထူးလှပညာ ဖလှယ်ကာဖြင့်
ပြည်ရွာကောင်းကျိုး စုသယ်ပိုးမည်။


အမျိုးကိုချစ် တို့ပြည်သစ်ဖို့
ချစ်သူကိုထား ရေမြေခြားသို့
ခွန်အားကိုမွေး ရှေ့ရေးတွေးလျက်
မနှေးစိတ်ရွှင် သင့်ပြင်ဆင်ကာ
ရွှေရင်ကော့လျက် ထွက်ခဲ့ပြီ။

လရိပ်လေး(မောင်းမကန်)
6 - 5 - 2015
http://layeiklay.blogspot.com/