Pages

Sunday, May 24, 2015

****မိုးထက်မြင့်သော***

နေမင်းအပူ ရင်မှာဆူလည်း
အကူကိရိယာ တပ်ဆင်ကာဖြင့်
အေးရာရှာ၍ ရနိုင်၏။

မိုးမင်းရွာချ စိုရွှဲကလည်း
ရိပ်ရရှာဖွေ ခိုနားနေလျက်
အေးရာရှာ၍ ရနိုင်၏။

မောဟလည်းဖုံး ဒေါသသုံးသည့်
ကျင့်ထုံးမမှန် လူမိုက်ဆန်သည့်
ပြန်လှန်လှည့်စား ထိုသူများနှင့်
စိတ်ထားတူရာ ညှိရာမှာမူ
အေးရာရှာဖို့ ခက်လှ၏။

လရိပ်လေး (မောင်းမကန်)
15 - 5 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment