Pages

Sunday, May 24, 2015

***သနားစရာ***

မိုးစက်လေပြေ ရိုက်ခတ်မွှေတော့
ရက်ကြွေလေလွင့် ပိတောက်ပွင့်တွေ
နွမ်းရစ်လေတာ သနားစရာ။

နေမင်းပူတွေ လောင်ကျွမ်းစေတော့
စမ်းရေခန်းစေ ငါးတွေသေလျက
နွမ်းကြေကြတာ သနားစရာ။

အတ္တဖုံးလွှမ်း ဒေါသကြမ်းလျက်
မှားမှန်းမသိ မောဟပိ၍
တွေ့ထိလောဘ ရှိနေကလည်း
လူဖြစ်ရတာ သနားစရာ။

လရိပ်လေး(မောင်းမကန်)
20 - 5 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment