Pages

Friday, May 8, 2015

***ကဗျာတစ်ပုဒ်ဖန်ဆင်းခြင်း***


အချစ်ကဗျာ ရေးခဲ့ပါက
ရင်မှာချစ်သိ အချစ်ရှိမှ
ထိထိမိမိ ရသရှိ၏။

အလွမ်းကဗျာ ရေးချင်ပါမူ
ရင်နာလမ်းခွဲ ချစ်ပြတ်စဲ၍
သည်းကွဲမှသာ ရသရှိ၏။

ပညာမျှရာ ထိုကဗျာကို
စိတ်ပါလက်ပါ ရေးချင်ပါမူ
ပညာဉာဏ်ရည် ပေါင်းစုတည်လျက်
ရေရှည်ရေးမှ ရသရှိ၏။

သုတသာရေး ရသဝေးလျင်
ရေဝေးပန်းနှယ် နွမ်းခြောက်လွယ်ကာ
ပျင်းဖွယ်ကဗျာ မလှပါလျက်
ရင်မှာမထိ ရသမဲ့၏။

လရိပ်လေး(မောင်းမကန်)
6 – 5 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment