Pages

Friday, May 8, 2015

ရည်မှန်းချက်တစ်ခုရောက်ဖို့



ရည်မှန်းချက်တစ်ခုရောက်ဖို့
တခါတလေ နှလုံးသားကို ရိုက်ချိုးရတယ်၊
မိသားစုနဲ့ခွဲခွာရတယ်၊ မွေးရပ်မြေကိုစွန့်ရတယ်၊
အခက်ခဲကိုကျော်လွှားရတယ်၊
ဖြစ်သင့်တာလုပ်ပြီး ဖြစ်ချင်တာကို ပယ်ချရတယ်၊

တခါတလေ မျက်ရည်ကိုအဖော်ပြုမိတယ်၊
အထီးကျန်မှုကို ဖက်တွယ်ရတယ်။
ဒါပေမဲ့ အချိန် အတိုင်းတာတစ်ခုကို စောင့်ပြီး
ဉာဏ်နဲ့ ယှဉ်ရင်း ဇွဲသတ္တိနဲ့ ကြိုးစားရင်
ရည်မှန်းချက်က ကိုယ့်ကိုစောင့်နေလိမ့်မယ်။

လရိပ်လေး(မောင်းမကန်)
7 - 5 - 2015

No comments:

Post a Comment