Pages

Friday, August 31, 2012

အချစ်ရူးလေး


ခရေ


လွမ်းစရာ့ အလှ


စိတ်ကူးတွေ တကယ်ဖြစ်လာသောအခါ (A Dream Come True!)




          ငယ်ငယ်လေးကတည်းက  ကွန်ပျူတာနဲ့   ပတ်သက်တဲ့   ထူးဆန်းမှုတစ်မျိုး  ကျွန်မမှာ  ရှိခဲ့တယ်။ အဲဒီထူးဆန်းမှုက   ကွန်ပျူတာကိုင်လို့   အသုံးဝင် မဝင်  ဆိုတာထက်  ကွန်ပျူတာ မကိုင်နိုင်လို့ပဲ ဖြစ်တယ်။ မိသားစုများတဲ့   ကျွန်မတို့မှာ  ကွန်ပျူတာကိုင်ဖို့    မပြောနဲ့   အစားအစာကိုတောင်  လောက်အောင်  ဘယ်တော့မှ မစားနိုင်ဘူးဆိုတာ  ကျွန်မ မှတ်ဥာဏ်ထဲမှာ   မှတ်မိနေခဲ့တယ်။ 
          ကျွန်မ  ကျွန်ပျူတာကို   မြင်ဖူးခဲ့တာ တစ်နေရာဘဲ ရှိခဲ့တယ်  ရုပ်ရှင်ထဲမှာပေါ့၊  ကျွန်ပျူတာစားပွဲရှေ့မှာ   ထိုင်နေတဲ့အခန်းလေးတွေ   ကျွန်ပျူတာနဲ့အလုပ်လုပ်နေတဲ့  အခန်းလေးတွေပါရင် ကျွန်မ အရမ်းနှစ်သက်ခဲ့တယ်။ ကျွန်ပျူတာ  ကိုင်ခွင့်ရအောင်  စိတ်ကူးယဉ်ခဲ့ဖူးတယ်။  ဒါပေမဲ့  ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူးလေ လို့ ကျွန်မ အားငယ်ခဲ့မိတယ်။    ရုပ်ရှင်ထဲမှာ ကွန်ပျူတာကိုင်တဲ့  သူတွေက လက်ကလေးတွေကလှ  စတိုင်လေးတွေကကျကျနနလေ   ကျွန်မရင်ခုန်ခဲ့ရတာ အကြီမ်ကြိမ်ပဲ။ 
          ကျွန်မ တစ်နေ့  မြို့ကိုတက်တော့ 

အလွမ်းကဗျာ



အချစ်ရဲ့
ထုထည်သိပ်သည်းတဲ့  ခံစားချက်
စွဲလမ်းခဲ့တဲ့ သံယောဇဉ်အတွေးမျှင်
နာကျင်စွာတမ်းတနေခဲ့တဲ့ အလွမ်း
မေ့မရတဲ့ ရင်ခုန်ခြင်း
ကြွေကျခဲ့တဲ့  ဆွေးမြေ့ခြင်းဒဏ်ရာတွေကို
သွေးစက်တွေရဲရဲနီနေတဲ့ နှလုံးသားနဲ့
ထုဆစ်ပုံဖော်လိုက်တာ
အလွမ်းကဗျာ။

***လောကဓံ***

ကမ္ဘာသစ်တစ်ခုဆီက  ပြာလွင့်လွင့်အလင်းရောင်လေး
ရင့်ကျက်မှုမရှိသေးတဲ့  စိတ်အစဉ်ကမိုးတိမ်လေးလို
လွင့်မျောလိုက်ပါရင်း  လှပတဲ့ ကကွက်လေးတစ်ခု
ငြိမ့်ညောင်းသံစဉ်လေးတွေ   ဆင်ယင်ပေး
လူတကာ နားထောင်ကောင်းအောင်
သီချင်းလေးဖန်တီးပေးတာ   တေးရေး ဆရာ။

ရဲရဲရင့်ရင့် ပန်းကလေးပွင့်ဖို့  ရေလောင်းပေါင်းသင်
အလှဆင်တာ ဥယာဉ်မှူး
မငြီးငြူတမ်း အမြဲလမ်းစေတဲ့  မေတ္တာရေအေးလောင်းကာပေးလို့
ပြုစုပျိုးထောင် ဤလူ့ဘောင်ဝယ် သားသမီးအတွက်
အသက်ဆက်လို့ ပြုံးပန်းဝေဆာ မိဘမေတ္တာ
ဘာမှမချန် ရှိသမျှဥာဏ်နဲ့  လိုရာပန်းတိုင်အရောက်လှမ်းနိုင်အောင်
သွန်သင်ညွန်ကြား လမ်းပြခဲ့တာ   ဆရာ။

သီချင်းလေး ကောင်းတာ တေးရေးဆရာ
ပန်းကလေးလှတာ ဥယာဉ်မှူး
သားသမီးတွေ လိမ္မာတာ  မိဘမေတ္တာ
  တပည့်ကောင်းပန်းကောင်းပန်တာ  ဆရာ့စေတနာ။

တကယ့်အမြင်မှာ လမ်းလွဲစရာ
အောင်မြင်မှုအစ  တက်လမ်းလှတော့
ကျော်ကြားမှုကို နစ်ဝင်ပျော်ကျူး  အခြေထူးတော့
နောက်ကအားအင် မေ့လျော့ချင်လို့
ဆရာ မိဘ မသိကြ။

ဝေပြီးရင်ကြွေ  တက်ပြီးရင်ကျ သဘာဝမို့
ကြွေရင်းကျတော့   ဆရာ မိဘ တမ်းတလာပြန်
ဥယာဉ်မှူးထံ ချဉ်းကပ်တဖန်  ဘ၀အမှန်
                                               အော်  လောကဓံ  လောကဓံ

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

***သူငယ်ချင်း***

"ဟေ့ အားလား" ဆိုတဲ့ စကားလေးနဲ့စလို့
နင်နဲ့ငါ အရမ်းရင်းနှီးတဲ့ မောင်နှမတွေလိုဖြစ်ခဲ့
နင်က အားပေးရုံလေးပြောခဲ့တာ
ငါ့အတွက်တော့ ဘ၀တစ်ခုလုံး ပြောင်းလဲခဲ့တယ်။

အတွေးတွေထဲ ပျော်နေတယ် 
အနာဂတ်ကို လှမ်းချင်လာတယ်
မပျော်တတ်တဲ့ငါ အိပ်မက်မရှိတဲ့အနာဂတ်နဲ့
ပန်းတိုင်ဆိုတာ အစက ငါ့အတွက် ရည်မှန်းချက်မရှိခဲ့။

အခုတော့ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း 
အဓိပ္ပါယ်ရှိအောင် ငါလုပ်ဖို့ ဆုံးဖြတ်နေမိတယ်
"ပစ္စုပ္ပန်ရယ် အနာဂတ်ရယ်
ဘယ်လိုကောင်းအောင် ဆောင်ရွက်မယ်"  
ဒါတွေတွေးလို့ ရည်မှန်းချက်တွေ ထားတတ်လာတယ်။

နင့်ဘေးမှာ ရှိနေချင်တယ်
အားပေးတဲ့ သူငယ်ချင်းတစ်ယောက် အဖြစ်နဲ့လေ
နင့်ဖေ့ဘုတ်စာမျက်နှာလေးက    ငါ့အတွက်အားဆေးတစ်ခွက်
နင့်စကားသံလေးက ငါ့အတွက်နွေးထွေးမှုတွေပါ။

မမြင်ရ မတွေ့ရပေမဲ့
နင့်စာသားလေးတွေဖတ်ရင်း ငါဖြေနေပါတယ်
နင်အားရင်အသံလေး ကြားခွင့်ပေးပါလို့ တောင်းဆိုချင်တယ်
တွေ့ခွင့်ပေးပါလို့ ပြောချင်တယ် သူငယ်ချင်းရယ်။

ဒါပေမဲ့ မဖြစ်နိုင်တဲ့ အနေထားတစ်ခုကို ငါနားလည်နေတော့
ဖြစ်ချင်တာတွေကို ငါမြိုသိပ်နေရင်း  ဟန်ဆောင်ပြုံးနေမိတယ်
နင့်ရဲ့ "ဟိုင်း နေကောင်းလား  သတိရနေတယ်နော်" စာသားလေးကို
ငါ နေ့တိုင်း ပြန်ဖတ်နေတယ်ဆိုတာ နင်သိမှာပါ။

ဘ၀ဆိုတာ တွေ့ကြုံ ဆုံကွဲဖြစ်မြဲ ဓမ္မတာမို့
ငါတွေးကြောက်နေမိတယ်  နင်ပျောက်သွားမှာကိုလေ
နင်ပြောတယ်လေ "ပစ္စုပ္ပန်ကိုဘဲ တွေး"တဲ့လေ
အင်း ဟုတ်တယ်နော်   အခုတွေ့နေတာပဲကို
ဘယ်တော့မှ မခွဲရဘူးလေ    ဖြေသိမ့်ခြင်းတွေနဲ့ ပျော်နေခဲ့မိတယ်။

ဒါပေမဲ့ သူငယ်ချင်းရယ်
အဝေးကြီးကနေ ခင်လိုက်ရတော့
လမင်းကိုတမ်းတနေတဲ့  ကမ္ဘာမြေက လူသားတစ်ယောက်လို
ငေးကြည့်ရုံလေးပဲ ရမှာလေ။
ကြယ်တွေကြွေလည်း ငါ့ဆီမှ မရောက်တာ
အမှောင်ညကစိုးမိုးလေလေ
နင့်ရဲ့လမင်းအလင်းလေးကို တမ်းတလေလေပဲပေါ့။

မိုးတိမ်ဖုံးတဲ့နေ့ရက်တွေကို 
လေပြေလေးတွေက မကူနိုင်ပါဘူး
နင်ကလမင်းလေးဆို 
ငါကကြယ်ကလေးတစ်ပွင့်အဖြစ်
နင့်နဘေးနားမှာ လင်းလက်ခွင့်ရချင်တယ်။

နင်က ငါ့ရဲ့ လိုအပ်ချက်တွေကိုဘဲ အရေးပေးတတ်သလို
ငါလည်း နင့်ကို ဖြည့်ဆည်းပေးချင်တယ်  
နင်အားငယ်ရင် ငါအားပေးချင်ခဲ့တာ
နင်သိစေချင်တယ်ဟာ..
နင့်ကို စက္ကန့်တိုင်း လွမ်းနေတယ်ဆိုတာလေ။

နင်မရှိရင် ငါမနေတတ်တော့ဘူး
ငါ့အတွက် လိုအပ်ခဲ့တာတွေက နင့်ဆီမှာ ပြည့်စုံနေပြီးသားလေ
နင်နဲ့ငါ ခွဲတော့မဲ့ အချိန်တိုင်း ငါပြောခဲ့တယ်လေ
"မမေ့ကြေးနော်"လို့
ငါရင်ထဲကပြောတာနော်။

နင်နဲ့ငါက..
ငယ်ငယ်ကတည်းက ခင်မင်လာတဲ့
ငယ်သူငယ်ချင်းတွေ မဟုတ်ခဲ့ကြပေမဲ့  
နင့်ကို စစ်မှန်တဲ့ ယုံကြည်မှုနဲ့ ခင်နေခဲ့တယ်  
အွန်လိုင်းပေါ်တက်တာနဲ့ နင့်ကို အရင်ရှာနေမိတယ်
မတွေ့ရရင်..
"နေမကောင်းတာလား   မအားတာလား ဘာလုပ်နေပါလိမ့်"ဆိုတဲ့
အတွေးတွေက နှိပ်စက်နေရောလေ။

နင့်ရဲ့  "ဟိုင်း" ဆိုတဲ့အသံလေးကိုတွေ့ရမှ
ငါနေတတ်လာခဲ့တယ်
"နင်ကို ငါ အရမ်းခင်တယ်"ဆိုတာထက်
ပြောစရာစကားရှိနေသေးခဲ့ရင် 
ဖွဲ့နွဲ့လိုက်ချင်သေးတယ်။
နင်နဲ့ငါ တကယ်အပြင်မှာဆုံတွေ့လို့
တကယ့်မောင်နှမတွေလို သူငယ်ချင်းတွေလို
နေခွင့်ရအောင် ငါဆုတောင်းနေတယ်။

တခါတလေကျတော့လည်း 
ငါ အားငယ်မိတယ်.. 
နင်က ပညာတတ်တယ်
အရာရာတော်တယ် နားလည်တယ် 
ငါ့လို အညတရတစ်ယောက်နဲ့ခင်နေရတာ   
ဂုဏ်ငယ်နေမလားပေါ့   
ငါ မခင်ဘဲ့နေလိုက်ရမလား။  

ဒါပေမဲ့ မနေနိုင်ပါဘူးဟာ 
နင့်ကိုခင်ခဲ့တာ မေ့ဖို့မဟုတ်ဘူး
အသက်ရှင်နေသမျှသတိရနေမှာက အသေချာလေ  
ဆက်ခင်ခွင့်လေးပဲရနေအောင်  ငါဆုတောင်းနေရတော့မှပေါ့။

နင်ဘယ်နေရာရောက်ရောက် ငါမမေ့ပါဘူး
ငါ့ကိုလည်း ဘယ်တော့မှမမေ့ပါနဲ့လို့ တောင်းဆိုချင်တာ
တစ်ခုတည်းသောလိုအပ်ချက်ပါ သူငယ်ချင်းရယ်။
"သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့အချိန်ဟာ
အိပ်မက်တစ်ခုဆိုရင်  အဲဒီအိပ်မက်က ငါမနိုးထတော့ဘူး"။

သူငယ်ချင်းရေ..
ငါ့ဘဝ  ငါ့အသက် ငါ့အိပ်မက်တွေကို
နင်နဲ့အတူ ဖြတ်သန်းခွင့်လေးပဲ ရပါရစေနော်။  
နှလုံးသားတစ်နေရာကနေ အရမ်းခင်မင်ရတဲ့ သူငယ်ချင်းအတွက်..

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
 

***သူဋ္ဌေးအလှူ ***

Add caption
တပေါင်းနွေရက် ရက်စက်တဲ့နေမင်း
အရိပ်ကင်းတဲ့မြေပေါ်နင်းလို့
ထီးကမပါ  ဖိနပ်ဗလာနဲ့
ဗိုက်ကဟောင်းလောင်း
နားခိုစရာ အိပ်မဲ့နေရာနတ္ထိ
ရှေ့ဆက်လို့လာရင်း  
"ဘ၀ဒုက္ခ တွေ့တဲ့အချိန်မှာ
သတိရကူညီဖေးမမဲ့သူနည်းသွား" ဆိုတဲ့ 
ဘယ်သူဆိုထားမှန်းမသိတဲ့ သီချင်းလေးညည်းလို့    
အရူးတစ်ယောက်ဖြစ်နေတဲ့ ငါ။

ဟော  တွေ့ပါပြီ ...
အရမ်းလှတဲ့ အ၀တ်အစားတွေ ၀တ်ထားလို့
ရတနာတွေဆင်ထားလို့
ကားတွေကလည်း စီတန်းလို့
စားစရာတွေကလည်း ပေါလျှံလို့
ငါကြားဖူးတဲ့  နတ်ပြည်ဆိုတာများလား
အပျော်လေးနဲ့ ပြေးအ၀င်။

ဘေးအပြင်လူတွေက
ဟေ့  ဒါအရူးတွေနေရာမဟုတ်ဘူး
ဂုဏ်ရှိတဲ့ သူဋ္ဌေးအလှူပွဲတဲ့
နှိမ့်ချရွံရှာတဲ့အကြည့်
စက်ဆုပ်ဖွယ် အပြုံးတွေနဲ့
မောင်းထုတ်လိုက်ကြ  
အသနားခံလို့မရတော့
ဗိုက်ဆာဆာနဲ့ လှည့်ပြန်လာခဲ့။

အော်  ဘ၀ ဘ၀  
ဂုဏ်ဓနတွေဝတ်ဆင်လို့ 
အတ္တတွေလည်မှာဆွဲ
မာနတွေနဲ့ အလှပြင်ထား
မေတ္တာတွေ သေအောင်သတ်တဲ့
စာနာတရားကင်းမဲ့လွန်းတာ   
နာမည်လေးက
အရူးနေရာမဟုတ်တဲ့ သူဋ္ဌေးအလှူတဲ့လား။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/




စံပြုလောက်တဲ့ အိမ်ထောင်ရေး (ideal marriage) ဖြစ်ဖို့ လိုအပ်တဲ့ အချက် (၅)ချက်

                                       
(1) Loving each other,                 တစ်ဦး ကို တစ်ဉ်ီး  အပြန်လှန် ချစ်ခြင်း။
(2) Mature  brain,                       ရင့်ကျက်တဲ့ အတွေးအခေါ်ရှိခြင်း။
(3) Proper  income,                     သင့်တင့်တဲ့ ဝင်ငွေရှိခြင်း။
(4) Good health  and                   ကျန်းမာရေးကောင်းခြင်း နှင့်
(5)  Acceptable both sides.          နှစ်ဦး နှစ်ဖက် မိဘတွေ သဘောတူခြင်း။

***စိတ္တဇအလွမ်းညများ***

သူငယ်ချင်းတွေလိုဘဲ နေကြရအောင်နော်တဲ့
အသက်မရှူနဲ့တော့လို့ ပြောလိုက်တာလား
ငါ ရုတ်တရက် ဆွံ့အစွာ
ပန်းနုရောင်သမ်းနေတဲ့ မင်းရဲ့နခမ်းလေးကို
အံသြဝမ်းနည်းစွာနဲ့ ငေးကြည့်နေခိုက်
မင်းရဲ့ကျောပြင်က မပြင်နိုင်တော့တဲ့ဆုံးဖြတ်ချက်တွေနဲ့
ငါ့ကိုထားပြီး အဝေးကိုထွက်သွားတယ်။

နှလုံးသားတစ်ခုလုံး ဆွဲနှုတ်ယူသွားသလိုဘဲ
နာကျင်ကြေကွဲခြင်း ရသကို ကြိတ်မှိတ်ခံစား
အဆုံးအသတ်မသိရတဲ့  ဇတ်လမ်းတစ်ပုဒ်လား
သွေးအေးအေးနဲ့ ပြောထွက်ခဲ့တဲ့ မင်းရဲ့စကား
ဘယ်လိုခံနိုင်ရည်အားနဲ့  နားထောင်ရမှာလဲ။

အဖြေမသိတဲ့ ရူးသွပ်ခြင်းတွေနဲ့
အခန်းကျဉ်းထဲမှာ တယောက်တည်း
ငါ့ကိုထားမသွားပါနဲ့ ..လို့
မိုက်မဲစွာ တောင်းပန်ရင်း
                                စိတ္တဇအလွမ်းညများကို ငါ ဘယ်လို ဖြတ်သန်းရမှာလဲ။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

***နင် သိပါစေ***

လင်းလက်နေတဲ့ ကြယ်ကလေးတွေက ငါ့အိပ်မက်တွေဆိုရင်
မှုန်ဝါးဝါးလရောင်လေးက   နင်ပဲဖြစ်ရမယ်။
သီချင်းအေးအေးလေးတွေက  ငါ့အနာဂတ်တွေဆိုရင်
နူးညံ့သိမ်မွေ့တဲ့သံစဉ်လေးတွေက   နင်ပဲပေါ့။

ပတ်ဝန်းကျင်တစ်ခုလုံးကြားအောင် အော်ဟစ်ပစ်ချင်ပေမဲ့
သက်ဆိုင်သူမကြားနိုင်လို့  ရင်ထဲမှာပဲသိမ်းထားတဲ့ စကားတစ်ခွန်းရှိတယ်
ရေမြေတွေ ဘယ်လိုခြားနေပါစေ
အတွေးတွေနဲ့ စိတ်ကူးလေးတွေ တစ်ထပ်တည်းပဲဆိုတာ
        အဝေးတစ်နေရာက “နင်” တစ်ယောက် သိနိုင်ပါ့မလား..။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

အထီးကျန်ခြင်း



မုသားမပါ လင်္ကာမချောတဲ့
လောက ပြောနေကြတယ်
ဒါဆို မုသားမပါခဲ့လို့
ငါ့ကဗျာတွေက အဆင်မချောတာလား။

နှင်းတွေအေးခဲတဲ့ကြား ရပ်နေမိတော့
ခိုက်ခိုက်တုန်နေပြီ
အမှန်တရားကို ကြိုးညှိမထားတော့
တီးခတ်လိုက်တိုင်း  အသံကခပ်ကြောင်ကြောင်။

ဖျော့တော့တော့ အတွေးတွေနဲ့
ငေးရီဆွံ့အလို့  ကောင်းကင်ကိုမော့အကြည့်
ယစ်မူးလိုက်မိတာ ညရဲ့အလှတရား
ညတိုင်းကို ယစ်မူးနေမိတဲ့ငါ ။

စိတ္တဇအတွေးတွေနဲ့ အရူးသာသာ
ကြေကွဲခြင်းတွေကို ကဗျာအဖြစ်ဖန်ဆင်း
အထီးကျန်ခြင်းတွေဘဲ အရင်းအခြာရှိတော့
အလင်းတစ်စက် ငါမမက်တော့ဘူး။

အကြင်နာတချို့တ၀က်အတွက်
ငါရင်မခုန်တော့ဘူး
တိတ်ဆိတ်ခြင်းကိုဘဲ ငါကျေနပ်တယ်
အထီးကျန်ခြင်းတွေပဲ နောက်ထပ်ပေးပါ။




Wednesday, August 29, 2012

***ဘဝမှတ်တမ်း***



သစ်ရွက်တွေ ကြွေ ......
လေတွေက တိုက်........
မှောင်မိုက်နေတဲ့
ညတစ်ညနဲ့ ငါဟာ.......
စိတ္တဇ ပန်းချီတစ်ချပ်လား.....?
ငါရပ်နေတဲ့ မြေပြင်ကို ငုံ့ကြည့်မိတော့.....


သူဟာလေ အဖြူသက်သက်........
ရှေ့ဆက်ပြီး နင်းလျှောက်ဖို့
ခက်လောက်အောင်ကို အားအင်တွေလဲ
ကုန်ခန်းလွန်းလှပါဘိကွယ်.......။
ငိုကြွေးခြင်း အဘိဓာန်ထဲ.....
မျက်ရည်တွေ မြစ်လိုစီး.......
ဘာကိုယုံပြီး ဆူးပုံနင်းရအုံးမှာလဲ..။
ကံတရားကလွဲပြီး ကျန်တာတွေကို
ခေါင်းစဉ်တပ်နိုင်တယ်.......။

အရာရာဟာ........
မနေ့ကလိုပဲ နေသားတကျ........
ထုသားပေသားကျနေတဲ့
ငါ့ဘ၀.... ခေါက်ရိုးကျိုးလို့
အပြစ်မြင်မယ်ဆိုလဲ မီးပူတိုက်ပြီး
ငါမဖြန့်ချင်တော့ဘူးကွယ်.......။
စိတ်ရှိတိုင်းသာ အတွေးနယ်နှင်ခွင့်
ရခဲ့မယ်ဆို..... ငါ့ဘ၀လဲ
လှနေတာ ကြာပေါ့.......။
အခုတော့...........
သောကတွေနဲ့ စိတ္တဇညရဲ့အလွမ်း....
တောင်တန်းတွေပဲ သိတဲ့
ငါ့ဘ၀ရဲ့ မှတ်တမ်း............။

                ဖတ်မိတာလေး  တင်ထားတာနော်

***ဆက်ရန်***

အတိတ်ခြေရာက မလှမပ
ဘ၀အကြောင်းလေး အကျဉ်းတန်
ကံနဲ့ဇတ်ဆရာ လောကဓံစေရာ
ကကြိုးသွယ်လို့ အသည်းမှာဒဏ်ရာစုံခဲ့
အိပ်မက်ညတွေဖြတ်ခဲ့ပြီ။

နေ၀င်ရိုင်းဆည်းဆာနဲ့ ညအလှလမင်းလေး
အလှည့်ကျ တာဝန်တွေထမ်းလို့
ညဆိုမျက်လုံးကို အနားပေးရင်း
အိပ်မက်လှလှလေး မက်ခွင့်ရမလား
ဝမ်းနည်းကြေကွဲ လွမ်းဆွတ်နေမိ။

ဘ၀အသစ် တစ်ခုဆီကို
လျှောက်လှမ်းနေလည်း
အခြေမဲ့တဲ့  အဖြစ်အပျက်တွေက
အရိပ်လို စိုးမိုးနေခဲ့တော့
အပျော်ဆိုတာ ဝေးခဲ့ပြီပေါ့ ။

လှပတဲ့နေရက်တွေ မျှော်လင့်
ရှေ့ဆက်မဲ့လမ်းများ ရဲရင့်တဲ့ အတွေးတွေနဲ့
မျက်ရည်ကိုသိမ်းဆည်း အားတင်းကာပြုံးလို့
တစ်ယောက်တည်း ရှေ့ဆက်ရမှာပါလား ?

Monday, August 27, 2012

***ယိုးဒယားရှိ နာရေးကူညီမှုအသင်း***

ယိုးဒယားရောက် မြန်မာများ
တပြည်ရွာခြား တပြည်သားတွေနဲ့
နေစားထိုင်သွား လုပ်ကိုင်စားကာ
စိတ်အားကငယ် အသိကမကြွယ်တာကြောင့်
ဒုက္ခအမျိုးမျိုး ရောက်ရရှာပေတယ်။

သူများပံ့ပိုး တပါးသူအားကိုးမယ့်အစား
ကိုယ့်ပြည်သား အချင်းချင်း
ရိုင်းပင်း ကူညီနိုင်အောင်
အဖွဲ့ကလေးထောင် လူ့ဘောင်အရေး
ကိုယ့်အရေးမို့ လုပ်အားလေးပေး
နာရေးကိုရှေးရှု ကူညီမှုပေးနိုင်အောင်
ရှိတဲ့သူတွေစုပြီး
နာရေးကူညီမှုအသင်း
မယွင်းပေါ်ပေါက်လာခဲ့တယ်…။

ဝါသနာ စေတနာ အနစ်နာ
နာသုံးနာရင်း
နာရေးကူညီမှုအသင်းဟာ
“မသာတခေါက် ကျောင်းဆယ်ခေါက်” ဟု
ပြောပလောက်အောင်ထင်ရှား
ဤစကားကို
အထောက်ထားခိုင်လုံ
စိတ်ဝယ်ယုံကြသမို့
စုပုံအပ်နှင်း ကူညီခြင်းဖြင့်
အသင်းထူထောင် ဤလူ့ဘောင်ကို
ကောင်းအောင် ရွေ့လျား ကျင့်ကြံပွားမည်
ကြိုးစားသူများ၏ အောင်ပွဲတည်း။


လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

***တံလျှပ်လိုဘဝ***

ငှက်ကလေးတွေ အိပ်တန်းတက်
နေမင်းကွယ်လို့  အမှောင်ရောက်
ညကို လှပစေတဲ့အရာ
လသာ သတဲ့လား။

တနေ့တာ အလုပ်ခွင်မှာ
မှားလည်းပြုံး မှန်လည်းပြုံး
သူဋ္ဌေးရှေ့ အလုပ်တွေကုန်းရုန်းလုပ်လို့
ထုသားပေသားကျသူ
ရင်ဘတ်တစ်ခုလုံး ပူလိုက်တာ။

ဟိုမှာမန်နေဂျာ ဟိုမှာစာရေး
ဟိုမှာသူဋ္ဌေးလူယုံ ဟိုမှာမနာလိုသူ
အားနည်းသူအတွက် လုံခြုံရာ
ဘယ်နေရာမှ ရှာမတွေ့
ဘာအတွက်လဲ  ဘာကြောင့်လဲ ..
ဘယ်သူတွေစီရင်လို့  ဘယ်သူတွေဒဏ်ခတ်ခဲ့တာလဲ..

အမိမြေက ထွက်ခဲ့တဲ့ငါ
ခိုနားရာကို မျှော်တတ်လာပြီ
လွမ်းမောခြင်းတွေနဲ့ ခရီးဆက်ရမဲ့အရေး
အမေ့အိမ်ကလည်း မျှော်တိုင်းဝေး
တိုင်းတစ်ပါးမှာ ဆင်းရဲဘေးကြောင့်
ထွက်ပေါက်ကို ဘယ်လိုရှာရမလဲ

ပစ္စုန်ပန်ဆိုတာမသိ   အနာဂတ်ဆိုတာမရှိ
မှီခိုရာကင်းတဲ့ ဘ၀မှာ
ဦးတည်ရာမဲ့ ပျံသန်းရင်း
ပန်းတိုင်မရှိတဲ့ ခရီးကကြမ်းတယ်
အမေရယ်…လွမ်းတယ်
အဖေရေ တမ်းတတယ်

ပြည်တော်ပြန် ကံနည်းတဲ့ငါ
ညက မနက်ရောက်မှာ ကြောက်တတ်လာခဲ့
ဒီအချိန်ဆို  မိသားစုနဲ့
သူတို့တွေ  စိုးရိမ်နေလောက်ပြီ
ခိုနားရာ  ရှားတဲ့ဘဝ
ပူတယ်အေးတယ်  ရွေးလို့မရ
သက်စောင့်အနွေးဓာတ်နဲ့  အန်တု
ဒုက္ခကို အဖော်ပြုရင်း
ခဏလောက်တော့ မှေးစက်ခွင့်ပြုပါ
ည အမှောင်လေးရယ်။ 

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/