Pages

Monday, August 20, 2012

***နင့်ကို ငါအရမ်းချစ်တယ်***



နှလုံးသားစစ်မြေပြင်မှာ
ငါ့ရဲ့အပြစ်ကင်းတဲ့ ချစ်ခြင်း
ပိုင်ဆိုင်ထားတဲ့ နှလုံးသားတစ်စုံ
နင်က ရက်စက်တဲ့အတွေးတွေနဲ့…
သုဘဒ္ဒါလို အညှိုးတွေထား…
သံသယအဆိပ်မြားနဲ့…
ပစ်ခွင်းလို့ အနိုင်ယူ…
အမုန်းအလံကို  တလူလူ…
စိုက်ထူလို့  ဟစ်ကြွေးနေချိန်…

ငါ့ရဲ့သွေးစွန်းနေတဲ့ နှလုံးသားလေးက…
တောင်းပန်လို့ဝန်ခံ နောက်ဆုံးလက်ကျန်…
အားအင်လေးနဲ့  ပြောခဲ့ပါရစေတဲ့…
"နင့် ကို ငါ အ ရမ်း ချစ် ခဲ့ ပါ တယ်"။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/ 

1 comment:

  1. ဒါတွေကိုတစ်နေ့တော့ သူသိလာမှာပါ..အားမငယ်ပါနဲ့... အချစ်ကိုစောင့်တဲ့နတ်တွေက သူသိအောင်သွားပြောပေးမှပါ...။
    ချစ်တတ်သူတွေကံမကောင်းတတ်ကြတာ သဘာဝ ပဲမို့လားမသိဘူးနော်..
    တကယ်ချစ်ပါတယ်ဆိုမှ.. လမ်းခွဲခဲ့ရတာတွေလဲ..မနည်းတော့ပါဘူးဗျာ..။

    ReplyDelete