Add caption |
တပေါင်းနွေရက်
ရက်စက်တဲ့နေမင်း
အရိပ်ကင်းတဲ့မြေပေါ်နင်းလို့
ထီးကမပါ
ဖိနပ်ဗလာနဲ့
ဗိုက်ကဟောင်းလောင်း
နားခိုစရာ
အိပ်မဲ့နေရာနတ္ထိ
ရှေ့ဆက်လို့လာရင်း
"ဘ၀ဒုက္ခ
တွေ့တဲ့အချိန်မှာ
သတိရကူညီဖေးမမဲ့သူနည်းသွား" ဆိုတဲ့
ဘယ်သူဆိုထားမှန်းမသိတဲ့
သီချင်းလေးညည်းလို့
အရူးတစ်ယောက်ဖြစ်နေတဲ့ ငါ။
ဟော
တွေ့ပါပြီ ...
အရမ်းလှတဲ့
အ၀တ်အစားတွေ ၀တ်ထားလို့
ရတနာတွေဆင်ထားလို့
ကားတွေကလည်း
စီတန်းလို့
စားစရာတွေကလည်း
ပေါလျှံလို့
ငါကြားဖူးတဲ့
နတ်ပြည်ဆိုတာများလား
အပျော်လေးနဲ့
ပြေးအ၀င်။
ဘေးအပြင်လူတွေက
ဟေ့
ဒါအရူးတွေနေရာမဟုတ်ဘူး
ဂုဏ်ရှိတဲ့
သူဋ္ဌေးအလှူပွဲတဲ့
နှိမ့်ချရွံရှာတဲ့အကြည့်
စက်ဆုပ်ဖွယ်
အပြုံးတွေနဲ့
မောင်းထုတ်လိုက်ကြ
အသနားခံလို့မရတော့
ဗိုက်ဆာဆာနဲ့
လှည့်ပြန်လာခဲ့။
အော်
ဘ၀ ဘဝ
ဂုဏ်ဓနတွေဝတ်ဆင်လို့
အတ္တတွေလည်မှာဆွဲ
မာနတွေနဲ့
အလှပြင်ထား
မေတ္တာတွေ သေအောင်သတ်တဲ့
စာနာတရားကင်းမဲ့လွန်းတာ
နာမည်လေးက
အရူးနေရာမဟုတ်တဲ့
သူဋ္ဌေးအလှူတဲ့လား။
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
http://layeiklay.blogspot.com/
No comments:
Post a Comment