မုသားမပါ
လင်္ကာမချောတဲ့
လောက
ပြောနေကြတယ်
ဒါဆို
မုသားမပါခဲ့လို့
ငါ့ကဗျာတွေက
အဆင်မချောတာလား။
နှင်းတွေအေးခဲတဲ့ကြား
ရပ်နေမိတော့
ခိုက်ခိုက်တုန်နေပြီ
အမှန်တရားကို
ကြိုးညှိမထားတော့
တီးခတ်လိုက်တိုင်း
အသံကခပ်ကြောင်ကြောင်။
ဖျော့တော့တော့
အတွေးတွေနဲ့
ငေးရီဆွံ့အလို့
ကောင်းကင်ကိုမော့အကြည့်
ယစ်မူးလိုက်မိတာ
ညရဲ့အလှတရား
ညတိုင်းကို
ယစ်မူးနေမိတဲ့ငါ ။
စိတ္တဇအတွေးတွေနဲ့
အရူးသာသာ
ကြေကွဲခြင်းတွေကို
ကဗျာအဖြစ်ဖန်ဆင်း
အထီးကျန်ခြင်းတွေဘဲ
အရင်းအခြာရှိတော့
အလင်းတစ်စက်
ငါမမက်တော့ဘူး။
အကြင်နာတချို့တ၀က်အတွက်
ငါရင်မခုန်တော့ဘူး
တိတ်ဆိတ်ခြင်းကိုဘဲ
ငါကျေနပ်တယ်
အထီးကျန်ခြင်းတွေပဲ နောက်ထပ်ပေးပါ။
No comments:
Post a Comment