Pages

Saturday, August 18, 2012

***ပေးဆပ်သူတို့ရဲ့ နှစ်လုံးသား (၁)***

ပန်းဆိုတာ ဥယာဉ်မှူးရှိမှ ပွင့်လန်းနိုင်တာပါ။ အချစ်ဆိုတာ နားလည်မှုရှိမှ တည်မြဲနိုင်တာပါ။ ဘ၀ဆိုတာလည်း ကြိုးစားမှုရှိမှ တိုးတက်နိုင်တယ်။ အများအကျိုး လုပ်ဆောင်နိုင်ဖို့ ဆိုတာကလည်း မိမိရဲ့အချိန်နဲ့ အခွင့်အရေးတွေကို ပေးဆပ်နိုင်မှ လုပ်ဆောင်နိုင်တာပါ။

အမေဆိုတဲ့ စကားလုံးလေးနှစ်လုံးက ဘ၀ကိုငြိမ်းချမ်းလှပအောင် စွမ်းဆောင်ပေးနိုင်တယ် ညွှန်ပြပေးနိုင်တယ်။ မိသားစုတစ်ခုမှာ အမေရှိနေမှ ပျော်ရွှင်နိုင်သလို တိုင်းပြည်တစ်ခုမှာလည်း ခေါင်းဆောင်ကောင်း တစ်ယောက်ရှိနေမှ ငြိမ်းချမ်းပြည့်စုံနိုင်မှာပါ။ အမေလို့ လူတိုင်းကို ခေါ်လို့ရနိုင်တာ မဟုတ်ပါဘူး။ အမေရဲ့ အင်္ဂါရပ်နဲ့  ပြည့်စုံမှ ခေါ်လို့ရတာပါ။ အခု မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူတိုင်းက အမေစုတဲ့လေ။ လူထုတစ်ရပ်လုံးက အမေလိုချစ်နေကြတာ အားကိုးနေကြတာ။  ဘယ်နေ့များမှာ အမေ့ရင်ခွင်ထဲ ခိုဝင်ခွင့်ရမလဲလို့ မျှော်လင့်နေကြတာ။   

 အဝေးရောက်နေတဲ့သူတွေကလည်း အမေ့ဆီကို ပြန်လာခွင့်လေး ရနေချင်မှာပါ။ အမေ့အိမ်လေးကိုဘဲ လိုချင်နေကြမှာပါ။ ဒါပေမဲ့ မိသားစုတစ်ခု ပျော်ရွှင်ဖို့ဆိုတာ အမေတစ်ယောက်တည်း ကြိုးစားရုံနဲ့ မရနိုင်သလို တိုင်းပြည်တစ်ခု သာယာဖို့ကလည်း ခေါင်းဆောင်တစ်ယောက်တည်း ကောင်းနေလို့ မရနိုင်ပါဘူး။ လူထုတစ်ရပ်လုံး ၀ိုင်းဝန်းလုပ်ဆောင်မှ ငြိမ်းချမ်းပျော်ရွှင်တဲ့ နိုင်ငံလေး ဖြစ်လာမှာပါ။
          လူတိုင်းက အမေစုကိုချစ်ပါတယ်။ အမေစုလို မလုပ်နိုင်တာလောက်ပါ။  သူများအကျိုးထက် ကိုယ့်အကျိုးကို ပိုလိုလားဂရုစိုက်ကြတယ်။ သူများကို ပေးဆပ်ရမှာ ၀န်လေး နေတတ်ကြတယ်။ အဲလိုလူတွေက ကိုယ်တိုင်လည်း မပျော်ရွှင်နိုင်သလို သူများလည်း ကိုယ့်ကြောင့် မပျော်ရွှင်ရပါဘူး။ ပေးဆပ်ရလေ ပျော်ရွှင်ရလေပါပဲ။ ပေးဆပ်ဖူးခဲ့သူတိုင်း ခံစားဖူးမှာပါ။ လောကမှာ လိုအပ်တာ အချစ်မဟုတ်ဘူး မေတ္တာ နားလည်မှု အကြင်နာတွေပါ။  ကိုယ်ကျိုးစွန့် အနစ်နာခံတတ်ဖို့ သနားတတ်ဖို့ သိနေမယ်ဆိုရင် ပျော်ရွှင်တဲ့ ဘ၀လေးကို လူတိုင်း ပိုင်ဆိုင်ခွင့်ရမှာပါ။ ဘာသာ သာသနာကို ထိန်းသိမ်းရင်း အများအကျိုး ဆောင်ရွက်ပြီး အောင်မြင်မှုကို လက်လှမ်းသင့်ပါတယ်။

ဆက်လက် ကြိုးစားပါအုံးမယ်...
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/ 

No comments:

Post a Comment