Pages

Friday, August 31, 2012

***လောကဓံ***

ကမ္ဘာသစ်တစ်ခုဆီက  ပြာလွင့်လွင့်အလင်းရောင်လေး
ရင့်ကျက်မှုမရှိသေးတဲ့  စိတ်အစဉ်ကမိုးတိမ်လေးလို
လွင့်မျောလိုက်ပါရင်း  လှပတဲ့ ကကွက်လေးတစ်ခု
ငြိမ့်ညောင်းသံစဉ်လေးတွေ   ဆင်ယင်ပေး
လူတကာ နားထောင်ကောင်းအောင်
သီချင်းလေးဖန်တီးပေးတာ   တေးရေး ဆရာ။

ရဲရဲရင့်ရင့် ပန်းကလေးပွင့်ဖို့  ရေလောင်းပေါင်းသင်
အလှဆင်တာ ဥယာဉ်မှူး
မငြီးငြူတမ်း အမြဲလမ်းစေတဲ့  မေတ္တာရေအေးလောင်းကာပေးလို့
ပြုစုပျိုးထောင် ဤလူ့ဘောင်ဝယ် သားသမီးအတွက်
အသက်ဆက်လို့ ပြုံးပန်းဝေဆာ မိဘမေတ္တာ
ဘာမှမချန် ရှိသမျှဥာဏ်နဲ့  လိုရာပန်းတိုင်အရောက်လှမ်းနိုင်အောင်
သွန်သင်ညွန်ကြား လမ်းပြခဲ့တာ   ဆရာ။

သီချင်းလေး ကောင်းတာ တေးရေးဆရာ
ပန်းကလေးလှတာ ဥယာဉ်မှူး
သားသမီးတွေ လိမ္မာတာ  မိဘမေတ္တာ
  တပည့်ကောင်းပန်းကောင်းပန်တာ  ဆရာ့စေတနာ။

တကယ့်အမြင်မှာ လမ်းလွဲစရာ
အောင်မြင်မှုအစ  တက်လမ်းလှတော့
ကျော်ကြားမှုကို နစ်ဝင်ပျော်ကျူး  အခြေထူးတော့
နောက်ကအားအင် မေ့လျော့ချင်လို့
ဆရာ မိဘ မသိကြ။

ဝေပြီးရင်ကြွေ  တက်ပြီးရင်ကျ သဘာဝမို့
ကြွေရင်းကျတော့   ဆရာ မိဘ တမ်းတလာပြန်
ဥယာဉ်မှူးထံ ချဉ်းကပ်တဖန်  ဘ၀အမှန်
                                               အော်  လောကဓံ  လောကဓံ

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

No comments:

Post a Comment