Pages

Monday, August 27, 2012

***ယိုးဒယားရှိ နာရေးကူညီမှုအသင်း***

ယိုးဒယားရောက် မြန်မာများ
တပြည်ရွာခြား တပြည်သားတွေနဲ့
နေစားထိုင်သွား လုပ်ကိုင်စားကာ
စိတ်အားကငယ် အသိကမကြွယ်တာကြောင့်
ဒုက္ခအမျိုးမျိုး ရောက်ရရှာပေတယ်။

သူများပံ့ပိုး တပါးသူအားကိုးမယ့်အစား
ကိုယ့်ပြည်သား အချင်းချင်း
ရိုင်းပင်း ကူညီနိုင်အောင်
အဖွဲ့ကလေးထောင် လူ့ဘောင်အရေး
ကိုယ့်အရေးမို့ လုပ်အားလေးပေး
နာရေးကိုရှေးရှု ကူညီမှုပေးနိုင်အောင်
ရှိတဲ့သူတွေစုပြီး
နာရေးကူညီမှုအသင်း
မယွင်းပေါ်ပေါက်လာခဲ့တယ်…။

ဝါသနာ စေတနာ အနစ်နာ
နာသုံးနာရင်း
နာရေးကူညီမှုအသင်းဟာ
“မသာတခေါက် ကျောင်းဆယ်ခေါက်” ဟု
ပြောပလောက်အောင်ထင်ရှား
ဤစကားကို
အထောက်ထားခိုင်လုံ
စိတ်ဝယ်ယုံကြသမို့
စုပုံအပ်နှင်း ကူညီခြင်းဖြင့်
အသင်းထူထောင် ဤလူ့ဘောင်ကို
ကောင်းအောင် ရွေ့လျား ကျင့်ကြံပွားမည်
ကြိုးစားသူများ၏ အောင်ပွဲတည်း။


လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

No comments:

Post a Comment