Pages

Saturday, August 25, 2012

***လမ်း***

ဘ၀အတိတ် ပန်းချီကားတစ်ချပ်ကို
နာကျင် ခံစားခြင်းတွေနဲ့
ပြန်လည်ငေးမော နှစ်ခြိုက်လို့
အိပ်မက်တွေက အရောင်ဖျော့ဖျော့

အနာဂတ်က ဝိုးတ၀ါး
ချိုမြိန်ပြင်းရှတဲ့ ရသတွေနဲ့
မရေရာတဲ့ တေးသံတွေကြား
မျှော်လင့်ခြင်း ကောင်းကင်က ပြိုကျလုလု

အရာရာတိုင်း ရူးသွပ်မှုတွေနဲ့
အိပ်မက်တွေက နိုးတစ်ဝက်
ရှေ့ဆက်ရမလား ရပ်တန့်ရမလား
ဆုံးဖြတ်လို့မရ ဝေဝါးနေဆဲ
 
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

ဒါပေမဲ့ ကိုယ်ရွေးချယ်တဲ့လမ်း
ကိုယ်တိုင်လျှောက်လမ်းလို့
ဖြူစင်တဲ့မေတ္တာ ရင်မှာအပ်ကာ
တွဲလက်မပျက်  ဆက်လျှောက်ခွင့်လေး  ရချင်တယ်..

No comments:

Post a Comment