ဘ၀လှိုင်းဒဏ်
ပန်းရိုင်းဆန်ဆန်
နိမ့်ပြန် မြင့်ပြန်ပါပဲ။
အကြိမ်ကြိမ်ဖန်လို့
ဖြစ်လည်းစံ
ပျက်လည်းခံပေါ့။
ဘာကိုမှမမှု
ဖြစ်ပျက်အစု သံသရာ
မဗေဒါဟန်
အစုန်အဆန်ခံပေါ့။
ကြုံလာမယ့်
လောကဓံ
နှင်းဆီမာန်နှင့်
ရဲရဲတင့်လို့
ဝင့်ချီလိုက်မယ့်
ဘဝအားမာန်။
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
No comments:
Post a Comment