Pages

Friday, August 31, 2012

***စိတ္တဇအလွမ်းညများ***

သူငယ်ချင်းတွေလိုဘဲ နေကြရအောင်နော်တဲ့
အသက်မရှူနဲ့တော့လို့ ပြောလိုက်တာလား
ငါ ရုတ်တရက် ဆွံ့အစွာ
ပန်းနုရောင်သမ်းနေတဲ့ မင်းရဲ့နခမ်းလေးကို
အံသြဝမ်းနည်းစွာနဲ့ ငေးကြည့်နေခိုက်
မင်းရဲ့ကျောပြင်က မပြင်နိုင်တော့တဲ့ဆုံးဖြတ်ချက်တွေနဲ့
ငါ့ကိုထားပြီး အဝေးကိုထွက်သွားတယ်။

နှလုံးသားတစ်ခုလုံး ဆွဲနှုတ်ယူသွားသလိုဘဲ
နာကျင်ကြေကွဲခြင်း ရသကို ကြိတ်မှိတ်ခံစား
အဆုံးအသတ်မသိရတဲ့  ဇတ်လမ်းတစ်ပုဒ်လား
သွေးအေးအေးနဲ့ ပြောထွက်ခဲ့တဲ့ မင်းရဲ့စကား
ဘယ်လိုခံနိုင်ရည်အားနဲ့  နားထောင်ရမှာလဲ။

အဖြေမသိတဲ့ ရူးသွပ်ခြင်းတွေနဲ့
အခန်းကျဉ်းထဲမှာ တယောက်တည်း
ငါ့ကိုထားမသွားပါနဲ့ ..လို့
မိုက်မဲစွာ တောင်းပန်ရင်း
                                စိတ္တဇအလွမ်းညများကို ငါ ဘယ်လို ဖြတ်သန်းရမှာလဲ။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

No comments:

Post a Comment