Pages

Monday, August 20, 2012

***မိုးခါးရေ နှင့် အတွေးများ***


ဘ၀ဆိုတာ မြင်တတ်မှ လက်ခံတတ်မှ
ပျော်ရွှင်စရာကောင်းတာပါ..

ကျွန်မငယ်ငယ်က ကျောင်းမှာဆို စာစီစာကုံးရေးခိုင်း၇င်
အမှတ်တစ်ခါမှ မရခဲ့ဘူး မရေးတတ်လို့လေ။

ဒါပေမဲ့ ..
(အာဇာနည်နေ့)အကြောင်းလေး ရေးခဲ့ရင်တော့ နှစ်တိုင်းဆုရခဲ့ဖူးတယ်၊
ကျွန်မမှာ အဲဒီကတည်းက အာဇာနည်စိတ်ဓာတ်လေး ရှိနေခဲ့ပေမဲ့
အဖေမရှိဘဲ ကြီးပြင်းခဲ့ရတဲ့ဘ၀ကြောင့် အရောင်လေးမှိန်ဖျော့နေခဲ့တယ်။

သူများ မတွေးတတ်တဲ့အရာလေးကို ကျွန်မတွေးပြီး ပုံဖော်တတ်တာ ကျွန်မအကျင့်ပါ။
ဖြစ်ချင်တာဖြစ်ခွင့်မရတော ဖြစ်လာတာကို အကောင်းဆုံးလုပ်ခဲ့တယ်။
မှန်တယ်ထင်ရင် နောက်မတွန့် လုပ်တတ်တယ်။
အဲဒါကြောင့် စိတ်တွေ အရမ်းညစ်ခဲ့ရဖူးတယ်။
စာဖတ်ရင်း စိတ်ဖြေခဲ့တယ်။




"သူများ မိုးခါးရေသာက်ရင် ကိုလည်းမိုးခါးရေသောက်ပေါ့ကွာ" 
  လို့ပြောတဲ့ စကားလေးကို
စိတ်ဝင်စားလို့ အဓိပ္ပာယ်သိအောင်လုပ်ခဲ့ဖူးတယ်။

ပုံပြင်လေး တစ်ပုဒ်ပေါ့။
ပုံပြင်လေးက စိတ်ဝင်စားစရာ ကောင်းတယ်။
ရွာတစ်ရွာမှာ ရသေ့လေးပါး နေထိုင်တယ်၊ ရွာသားတွေက အရမ်းယုံကြည်လေးစားကြတယ်လေ၊
ရသေ့တွေက တရားမသိတဲ့ရသေ့တွေလေ၊ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး လိမ်ညာနေတာပေါ့၊
ရသေ့တွေက လပြည့်နေ့ဆို အရက်သေစာ သောက်စားကြတယ်လေ။

သူတို့ရဲ့လုပ်ရပ်တွေကို သိမှာစိုးလို့ ရွာသားတွေကို ပြောထားတယ်၊
ကျောင်းဝင်းအနီးအနားတောင် ဘယ်သူမှမလာရဘူး လာရင်ဘေးသင့်မယ်ပေါ့ လူတွေကလည်းမသွားကြပါဘူး။
ယုံကြည်တာလေ။

အဲဒီအချိန်လေးမှာ တခြားရွာကနေ ပြန်လာတဲ့ ရွာသားတစ်ယောက်က
အဲဒီလမ်းကဖြတ်ပြန်လာရောတဲ့လေ။ သောက်စားမူးရစ်နေတဲ့ ရသေ့တွေကို တွေ့ပါလေရော။
ကွက်တိပေါ့၊ အိမ်ပြန်ရောက်တော့ မိန်းမကိုပြန်ပြောပြတော့ .. မိန်းမက အော်ပါလေရောတဲ့လေ၊
"သူ့ယောက်ကျား ရူးပြီ" တဲ့။

အဲဒီသတင်းက ရသေ့တွေဆီ ရောက်ပါတော့တယ်လေ ..
ရသေ့တွေက ဆေးကုတယ်ဆိုပြီး
နှာခေါင်းထဲ ငရုပ်ကောင်းအမှုန့်တွေ မှုတ်ထည့်တယ်တဲ့၊ 
မခံနိုင်တော့ သူတွေ့တာကို မပြောရဲတော့ဘူးပေါ့ ။

နောက်တစ်နေ့ကျ ပြန်ပြောတယ်... မိန်းမကို တိတ်တိတ်လေးပေါ့ ၊
မိန်းမက အော်ပြန်ရောလေ..
ရူးတယ်ဆိုပြီးရသေ့တွေက ထပ်လုပ်ပြန်ရော..
နောက်တော့မပြောရဲတော့ဘူးပေါ့။

အများနဲ့တစ်ယောက်ဆိုတော့ မှန်နေပေမဲ့ ထုတ်ဖော်လို့မရနိုင်ဘူးလေ၊
သူများယုံကြည်ရင် ကိုလည်းယုံကြည်လက်ခံရမယ်ဆိုတဲ့
                                                           သဘောပေါ့။

                                                                                                      





အဲဒီပုံပြင်လေးကို ဖတ်ပြီး ကျွန်မအရမ်းကို အသိတရားတွေ ရခဲ့ဖူးတယ်၊
မစူးစမ်းတတ်ရင် အသိပညာမဲ့ရင် သူများလိမ်တာ ခံရတတ်တယ်ဆိုတာရယ်.. 
မှန်နေပေမဲ့ အချိန်အခါနဲ့အခွင့်လမ်းမရှိခဲ့ရင် ဖော်ထုတ်လို့ မရဘူးဆိုတာရယ်ပေါ့။
အခွင့်လမ်းကို စောင့်ဆိုင်းလုပ်ဆောင်ရမယ် ဆိုတာ နားလည်ခဲ့တယ်။

ကျွန်မ နိုင်ငံရေးကို စိတ်ဝင်စားခဲ့တယ်။
ဒါပေမဲ့ "ကျွန်မဘာမှ မလုပ်ပေးနိုင်မှာမှ မဟုတ်တာလေ" ဆိုတဲ့အတွေးနဲ့ မေ့ထားပြီး နေခဲ့တယ်။
အခု အမေစုပြန်လွတ်လာပြီး တိုင်းပြည်အတွက် အသက်ပေးလုပ်ဆောင်နေတာတွေကို
သိလာမြင်လာရတော့  ကျွန်မစိတ်တွေ ပြန်လည်နိုးကြားလာတယ်။

အဖေမရှိတဲ့မိန်းကလေး အချုပ်ခံခဲ့ရတာ နှစ်ပေါင်းများစွာ..
အဲဒီ အခက်ခဲတွေကြားက လုံးဝစိတ်ဓာတ်မကျဘဲ
ကမ္ဘာကျော်အောင် တိုင်းပြည်အတွက် လုပ်ဆောင်နိုင်သေးတယ်ဆိုရင်
ကျန်တဲ့သူတွေကရော ပိုပြီး လုပ်ဆောင်သင့်တယ်လို့ ကျွန်မလက်ခံယူဆလာတယ်၊
အာဇာနည်စိတ်ဓာတ်လေးတွေ ထားသင့်တယ်။

သူ့လို ကမ္ဘာကျော်အောင်မစွမ်းဆောင်နိုင် ပေမဲ့
မြန်မာမိန်းကလေးတွေအားလုံး ဘာသာသာသနာကို ထိမ်းသိန်းရင်းနဲ့
တိုင်းပြည်ကို တစ်ဖက်တစ်လမ်းက ကာကွယ်သင့်တယ်လို့ ကျွန်မယူဆပါတယ်..။
မြန်မာမိန်းကလေးတွေ ကုလားတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ကြတာ
တိုင်းပြည်ရဲ့ သာသနာကို အရက်စက်ဆုံးဖျက်ဆီးမှုဘဲလို့ ကျွန်မထင်တယ်လေ။

အမေစုက ကမ္ဘာမှာမြန်မာရယ်လို့ ထင်ပေါ်အောင်လုပ်ခဲ့ပြီးပြီလေ။
ကျွန်မတို့လည်း လက်ဆင့်ကမ်းကြိုးစားဖို့ အချိန်ရောက်နေပြီမို့
သူများမိုးခါးရေသောက် ကိုယ်လည်းမိုးခါးရေတော့ မသောက်သင့်တော့ဘူးလို့ အမှန်တရားကိုလက်ခံပြီးအနစ်နာခံ ၀ိုင်းဝန်းဖော်ထုတ်သင့်နေပြီမို့

့ မြန်မာမိန်းကလေးများ အမေစုကိုအတုခိုးပြီး အများအကျိုး ဆောင်နိုင်ကြပါစေလို့
မျှော်လင့်ရင်း....

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

No comments:

Post a Comment