Pages

Wednesday, August 29, 2012

***ဆက်ရန်***

အတိတ်ခြေရာက မလှမပ
ဘ၀အကြောင်းလေး အကျဉ်းတန်
ကံနဲ့ဇတ်ဆရာ လောကဓံစေရာ
ကကြိုးသွယ်လို့ အသည်းမှာဒဏ်ရာစုံခဲ့
အိပ်မက်ညတွေဖြတ်ခဲ့ပြီ။

နေ၀င်ရိုင်းဆည်းဆာနဲ့ ညအလှလမင်းလေး
အလှည့်ကျ တာဝန်တွေထမ်းလို့
ညဆိုမျက်လုံးကို အနားပေးရင်း
အိပ်မက်လှလှလေး မက်ခွင့်ရမလား
ဝမ်းနည်းကြေကွဲ လွမ်းဆွတ်နေမိ။

ဘ၀အသစ် တစ်ခုဆီကို
လျှောက်လှမ်းနေလည်း
အခြေမဲ့တဲ့  အဖြစ်အပျက်တွေက
အရိပ်လို စိုးမိုးနေခဲ့တော့
အပျော်ဆိုတာ ဝေးခဲ့ပြီပေါ့ ။

လှပတဲ့နေရက်တွေ မျှော်လင့်
ရှေ့ဆက်မဲ့လမ်းများ ရဲရင့်တဲ့ အတွေးတွေနဲ့
မျက်ရည်ကိုသိမ်းဆည်း အားတင်းကာပြုံးလို့
တစ်ယောက်တည်း ရှေ့ဆက်ရမှာပါလား ?

No comments:

Post a Comment