Pages

Saturday, August 25, 2012

***ဖြူစင်တဲ့ မေတ္တာတရား***


ကဗျာတစ်ပုဒ်အတွက် ကာရံညီမှ
သီချင်းတစ်ပုဒ်အတွက် သံစဉ်တွေကောင်းမှ
ပန်းတစ်ပွင့်အတွက် ဥယျာဉ်မှုးရှိမှ
ပဒုမ္မာကြာအတွက် လရောင်ရှိမှ..။

နွေအလှအတွက် တေးသီငှက်ကလေးတွေရှိမှ
လရောင်အတွက် ညအမှောင်ရှိမှ
မနက်ခင်းအတွက် နေမင်းရှိမှ
ချစ်သူတွေအတွက် နားလည်မှုရှိမှ
အရာရာပြည်စုံတယ်ဆိုပေမဲ့ ..

ငါနဲ့ နင့်အတွက်တော့
ဖြူစင်တဲ့ မေတ္တာတရား တစ်ခုတည်းနဲ့
လုံလောက်ပါတယ် သူငယ်ချင်းရယ်..။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

No comments:

Post a Comment