ဟန်ဆောင်မှု
မျက်နှာဖုံးတွေ ရိုးရိုးလေးခွာချ
ကန့်လန့်ကာနောက်က
ဖော်ကျူးခဲ့တဲ့အမှား
ပြန်ပြင်လို့ရလောက်ပြီ ..။
အမှားကိုပြင်မှ
အမှန်ရောက်
ဘ၀ကြောင့်လား
စိတ်ကြောင့်လား
အောင်မြင်မှုအတွက်လား
ပြင်ရဲတဲ့သတ္တိ
နတ္ထိ ...။
ရှေ့ဆက်လို့ချီတက်
အသွားခက်မဲ့လမ်း
မှန်းဆလို့နွမ်းလှပြီ….
လျှောက်ရမဲ့ဘဝခရီးကြမ်း လှမ်းမဲ့သူ မရှိတော့ပြီ။
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
http://layeiklay.blogspot.com/
No comments:
Post a Comment