မြတ်စွာဘုရားရှင်ရဲ့
ဂုဏ်တော်တွေဟာ မရေ မတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ ဒါကြောင့် "ဗုဒ္ဓဂုဏော
အနန္တော" လို့ ဆိုစမှတ် ပြုခဲ့ကြတာပါ။ ဒါပေမဲ့ ပွါးများရ လွယ်ကူစေဖို့ ဘုရားဂုဏ်တော်များကို
(၉) ပါးလို့ အရေအတွက် ပြခဲ့ကြပါတယ်။ အဲဒီ ဘုရားဂုဏ်တော် (၉) ပါးကတော့ .....
(၁) (က)
အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော
= အသိဉာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတော = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း သွားခြင်း)။
(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ =
ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓေါ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။
ကျွန်မ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဘုရားဂုဏ်တော်ရဲ့ အကျိုးတရားလေးကို သူငယ်ချင်းတွေကို မျှဝေလိုက်တယ်နော်။
ကျွန်မလေ ထိုင်းနိုင်ငံကို စရောက်တဲ့အချိန်
အလုပ်စလုပ်ခဲ့တာက ထိုင်းနိုင်ငံ နယ်စပ်မြို့လေး တစ်မြို့မှာပေါ့။ သူဋ္ဌေးက
အလုပ်သမားတွေကို အချိန်သတ်မှတ်ချက်မရှိ ခိုင်းတယ်။
အချိန်ပိုကြေးပေးချင်သလောက်ပေး
တယ်။ ပြောပိုင်ခွင့်မရှိဘူး။ အလုပ်သမားတွေကလည်း
အဆက်သွယ်လည်းမရှိ အခွင့်အရေး ဆိုတာနားမလည်တော့ ကြိတ်မှိတ်သည်းခံ လုပ်နေကြရတာဘဲလေ။
နားရက်လည်းမပေး နေမကောင်းရင်
တစ်ရက်နားခွင့်ရှိတယ်။ ဆေးခန်းကလွဲရင် အပြင်လုံးဝ ထွက်ခွင့်မရဘူး။ တအားပင်ပန်းရင်
နေမကောင်းဘူးလို့ အကြောင်းပြပြီး တစ်ရက်နားခွင့်ရတယ်။ နားတဲ့တစ်ရက်က
အခန်းပြင်တောင်ထွက်လို့မရဘူး။ တွေ့တာနဲ့ ညာပြီးနားတယ်ဆိုပြီး ပိုက်ဆံဖြတ်တယ်။
ထိုင်းစကားပြောတတ်တဲ့သူ နားလည်တဲ့သူတွေလောက်တော့
အခွင့်ရေးပေးထားတယ်။ အခွင့်ရေးရထားတဲ့ သူတွေကတော့ အဆင်ပြေနေပါတယ်။
ကျန်တဲ့သူတွေအတွက် ကူညီပေးဖို့မပြောနဲ့ ရထားတဲ့အခွင့်ရေးတွေ ဆုံးရှုံးမှာစိုးလို့
သူဋ္ဌေးတွေကို ဖားနေလိုက်တာများ ရင်နာစရာ မြင်ကွင်းပါ။ ကျွန်မလေ အဲဒီစရောက်တော့
အမှန်တိုင်းပြောဖို့ အတွက်ဆို ဘာကိုမှ မကြောက်တတ်တဲ့ စိတ်ကရှိနေတော့
အမြဲတမ်းအချင်းချင်း စိတ်အနှောက်ယှက် ဖြစ်စရာတွေ ကြုံခဲ့ရတယ်။
ထိုင်းစကားကမပြောတတ်တော့
ကူညီဖို့မပြောနဲ့ ကျွန်မကိုယ်တိုင်တောင် မနည်းအားယူ လုပ်နေခဲ့ရတယ်။ အတူတူညှိနှိုင်းမယ်ဆိုလည်း
အခွင့်ထူးခံတွေက လက်မခံတော့ သူဋ္ဌေးက သိသိသွားတော့ လုပ်လို့မရပြန်ဘူး။ ကျွန်မလေ အရမ်းစိတ်မကောင်းဖြစ်တော့
ပြောခဲ့ဖူးတယ်။ သူဋ္ဌေးတွေကို ဖားတဲ့နေရာလောက်ဘဲ အသုံးဝင်တဲ့ ဒီဘာသာစကားကို
ဘယ်တော့မှမသင်ဘူးလို့။ ဒါကြောင့် ကျွန်မဘာမှမတတ်ခဲ့ဘူး။
တတ်ခဲ့ရင်လည်း တတ်နိုင်သလောက်ကူညီမယ်လို့
တွေးထားခဲ့တယ်။ ကလေးတွေကိုကြည့်ပြီး ကျွန်မအရမ်း စိတ်မကောင်းဖြစ်တယ်။ မိဝေး ဖဝေးနဲ့ဝေး
လာလုပ်ကြရတာလေ။ ဒီရောက်တော့ ဘယ်မှမသွားရ ကြောက်ရတာနဲ့
အိမ်ကိုလွမ်းတာနဲ့ သနားစရာလေးတွေလေ။
အခွင့်ထူးခံတွေကပြောလိုက်သေး “ထိုင်းကိုလာတာ
ငွေလိုလို့လာတာတဲ့” ငွေရရင်ပြီးရောတဲ့လေ။ အချင်းချင်းမစာနာတတ်တဲ့ သူတွေပြောတာ
အရမ်းနာကျင်ခဲ့ဖူးတယ်။ ကျွန်မရဲ့ အင်အားလေးတစ်ခုတည်းနဲ့ ဘယ်လိုမှ ကူလို့မရဘူးဆိုတာ
သိလာတယ်။ သူများမိုးခါးရေသောက် ကိုယ်လည်း သောက်နေခဲ့ရတယ်လေ။
"ဒီလိုနေရာက
ငါလွတ်အောင်ရုန်းနိုင်မှရမယ်"
ဆိုတဲ့ အသိကို ထည့်ထားလိုက်တယ်။ အခွင့်ရေးရအောင် စောင့်နေခဲ့တယ်။
ကျွန်မစိတ်တွေလျှော့လိုက်တယ်။ ဘုရားစာအုပ်တွေ ဖတ်တယ်။ ဂုဏ်တော်ကိုးပါး ပါဠိတော်ကို
တစ်နေ့ (၁၀၈)ခေါက်ပြည့်အောင် ရွတ်တယ်။မေတ္တာပို့တယ် ပုတီးစိတ်တယ်။
နေမကောင်းဘူးဆိုပြီး
နားလို့ရတဲ့တစ်ရက်ကို အခန်းထဲမှာ ဥပုသ်စောင့်တယ်။ ပုတီးအပတ်ရေ အများကြီးရအောင် စိပ်ဖြစ်ခဲ့တယ်။
အလုပ်ကို စေတနာပါအောင် လုပ်ပေးတယ်။ အိမ်သာအခန်းတွေကို ကျွန်မစေတနာပါစွာနဲ့
သန့်ရှင်းရေးလုပ်ပေးခဲ့တယ်။ လုပ်ရင်းလည်း ကျွန်မဆုတောင်း
တယ်။ “၀ဋ်ကြွေးရှိရင်အမြန်ဆုံးကြေပါေ
စလို့”။
အချိန်တိုင်းမှာ (ဂုဏ်တော်ကိုးပါး)ကို ရွတ်နေခဲ့တယ်။
ဒီလိုနေနေရာက ကျွန်မရဲ့စေတနာကြောင့်လား (ဘုရားဂုဏ်တော်)ရဲ့ အကျိုးကျေးဇူးကြောင့်လား
မပြောတတ်သေးခင်မှာ အလုပ်သမားခေါင်းဆောင်ရဲ့ အမေက ကျွန်မကို ဗန်ကောက်မှာ အလုပ်လုပ်မလားတဲ့။
လစာက ဘတ် (၄၅၀၀)လေ။ သူများတွေ (၆၀၀၀)ရနေတဲ့အချိန်ပေါ့။ ကျွန်မလက်ခံလိုက်တယ်။
ငွေကို ကျွန်မမမက်ဘူး။ အခွင့်ရေးကို ရအောင်ယူနိုင်အောင်လို့ အရဲစွန့်လိုက်တယ်။
ကျွန်မလေ စိတ်တွေကို အရမ်းတည်ငြိမ်အောင်လုပ်ယူခဲ့
ရတယ်။
ဒီလိုနဲ့ပဲ ဗန်ကောက်ကို ရောက်လာခဲ့တယ်။
သူဋ္ဌေးမိသားစုက ကျွန်မကို အရမ်းချစ်တယ်။ ကျွန်မဘုရားတရားလုပ်တာကို လေးစားတယ်လို့ ပြောလာတယ်။
ကျွန်မကို ထိုင်းစကား သင်ပေးတယ်။ နည်းနည်းတော့ ပြောတတ်လာတယ်။
ကျွန်မ ဗန်ကောက်ရောက်ပြီးတာနဲ့
အဲဒီနေရာမှာ လစာတိုးပေးပါလေရော။ လစာကို တပြေးညီ မတိုးဘူး။ ဖားတဲ့သူကိုတမျိုး
နားမလည်တဲ့သူကို တမျိုးလေ။ ကျွန်မသတင်းကြားရတော့ စိတ်မကောင်းခဲ့ဘူး။
ထိုင်းစကားကလည်း ရေလည်အောင်မတတ်သေး။ ကျွန်မရအောင်လုပ်မယ်လို့ဆုံြး
ဖတ်လိုက်တယ်။
အဲဒီအချိန်က ကျွန်မနေနေတာက အဲဒီအလုပ်သမားခေါင်းဆောင်ရဲ့ အမေအိမ်လေ။
ကျွန်မ မရဲတရဲနဲ့ မတတ်တတတ်နဲ့ ပြောပြတယ်။
အလုပ်သမားတွေ မျက်နှာသာရတဲ့သူနဲ့ မရတဲ့သူနဲ့ စိတ်ထိခိုက်ခံစားနေရတဲ့အကြာင်း တန်းတူရရှိဖို့
အလုပ်သမားတွေအတွက် “သူဋ္ဌေးမရဲ့သား”ကို ကူပြောပေးပါလို့။ “အင်း..ပြောပေးမယ်တဲ့” ချက်ချင်း ဖုန်းဆက်ပြောပေးတယ်။
နေ့လည်ကျတော့ ကျွန်မဆ်ီ သတင်းရောက်လာတယ်။ လစာအကုန်လုံး တန်းတူ ပြန်လုပ်လိုက်ပြီတဲ့လေ။
ကျွန်မအရမ်းပျော်ခဲ့တယ်။ အခွင့်ထူးခံတွေက ကျွန်မကို မကျနပ်ကြဘူးလေ.. တန်းတူရကြလို့။ ကျွန်မလို ထိုင်းစကား မပြောတတ်တဲ့သူရဲ့ စကားကို မန်နေဂျာ ကိုယ်တိုင်က နားထောင်ပြီး လုပ်တယ်ဆိုတော့ အရမ်းကိုအံ့သြစရာ ဖြစ်နေခဲ့ကြတယ်လေ။
ကျွန်မအရမ်းပျော်ခဲ့တယ်။ အခွင့်ထူးခံတွေက ကျွန်မကို မကျနပ်ကြဘူးလေ.. တန်းတူရကြလို့။ ကျွန်မလို ထိုင်းစကား မပြောတတ်တဲ့သူရဲ့ စကားကို မန်နေဂျာ ကိုယ်တိုင်က နားထောင်ပြီး လုပ်တယ်ဆိုတော့ အရမ်းကိုအံ့သြစရာ ဖြစ်နေခဲ့ကြတယ်လေ။
ကျွန်မဘာကြာင့် အဲလိုပြောနိုင်ခဲ့တာလဲလို့
ပြန်တွေးမိတာက ကျွန်မရဲ့ စေတနာနဲ့ ဘုရားဂုဏ်တော်ကို ယုံကြည်စွာရွတ်ဖတ်ခြင်းရဲ့
အကျိုးကျေးဇူးကြောင့်ဆိုတာ ကျွန်မသိလာရတယ်။ ကျွန်မ နေ့တိုင်း လုပ်ဖြစ်အောင်လုပ်ခဲ့တယ်။
ကျွန်မအပေါ် မုန်းနေတဲ့ သူတွေကို မေတ္တာပို့ပြီး အေးချမ်းအောင်နေခဲ့တယ်။
အဲဒီအကျိုးတွေက ကျွန်မကိုလက်ငင်း
ဒီဘ၀မှာဘဲ့ အကျိုးပေးခဲ့တယ်။ ကျွန်မလိုအပ်လို့ပြောခဲ့ရင် အရာအားလုံးနီးပါး အောင်မြင်ခဲ့တယ်။
မိတ်ဆွေကောင်းတွေရခဲ့တယ်။ သံဃာတော်တွေနဲ့ တွေ့ခွင့်ဖူးမြော်ခွင် ရခဲ့တယ်။ အလှူတွေ အများကြီးလုပ်ခဲ့ရတယ်။ ကျွန်မအဖြစ်ချင်ဆုံး အသင်ချင်ဆုံး
ကွန်ပျူတာပညာကို သင်ခွင့်ရခဲ့တယ်။ ကွန်ပျူတာကိုင်ခွင့်ရလို့ အင်တာနက်မှာ ပညာရှိတဲ့သူတွေနဲ့
ထပ်ပြီးဆုံခဲ့ရတယ်။ မိတ်ဆွေကောင်းတွေလဲ ရလာတယ်။
ကျွန်မစိတ်တွေအေးချမ်းလာလေ
ဘုရားဂုဏ်တော်ရဲ့ အကျိုးကိုယုံကြည်လာလေ မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးတရားကို
မြင်လာလေပါပဲ။ အလုပ်ကိစ္စတွေ အတွက်လိုအပ်လာခဲ့ရင် ကျွန်မ ငါးပါးသီလခံယူတယ်။
မေတ္တာပို့တယ်။ ဘုရားဂုဏ်တော်နဲ့ ပုတီးစိပ်တယ်။ ပြီးမှလိုအပ်တဲ့ကိစ္စကို ပြောတယ်။
အမြဲတမ်း အဆင်ပြေခဲ့တာများတယ်။ လူချစ်လူခင်လည်းပေါလာတယ်။ ကျွန်မကို စိတ်ထားကောင်းတယ်လို့
အမြဲလို ပြောခံရတယ်။
အဲလိုတွေဖြစ်လာတာ ကျွန်မရဲ့ ဘုရားဂုဏ်တော်ကို
ရွတ်ဖတ်ရတဲ့ အကျိုးကျေးဇူးကြောင့်ဆိုတာ ကျွန်မသိခဲ့တယ်။ သူငယ်ချင်းတွေကိုလည်း
ကျွန်မတတ်နိုင်သလောက် ပြောပြခဲ့တယ်။ လောကမှာ အမြတ်ဆုံးသော ဘုရားရှင်ရဲ့ (ဂုဏ်တော်ကိုးပါး) ပါဠိတော်လေးကို ရွတ်ဖြစ်အောင်ရွတ်ပွား ပူဇော်ကြပါလို့ တိုက်တွန်းပြ်ီး သူငယ်ချင်းအားလုံး နောင်ပွင့်လာမဲ့ အရိမေတ္တေယျဘုရားရှင်နဲ့ ကြုံကြိုက်ကာ သာသနာပြု အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ကြပါေ
စလို့
ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်မတတ်နိုင်သလောက် ပြောပြခဲ့တယ်။ လောကမှာ အမြတ်ဆုံးသော ဘုရားရှင်ရဲ့ (ဂုဏ်တော်ကိုးပါး) ပါဠိတော်လေးကို ရွတ်ဖြစ်အောင်ရွတ်ပွား ပူဇော်ကြပါလို့ တိုက်တွန်းပြ်ီး သူငယ်ချင်းအားလုံး နောင်ပွင့်လာမဲ့ အရိမေတ္တေယျဘုရားရှင်နဲ့ ကြုံကြိုက်ကာ သာသနာပြု အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ကြပါေ
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
No comments:
Post a Comment