အချစ်ပန်းချီကား
တစ်ချပ်ကို
အဖြူရောင်နားလည်မှု
စုတ်တံတစ်ချောင်းနဲ့
သမုဒယအရောင်လေးတွေ
ရောစပ်လို့
ပုံဖော်ကြည့်ပေမဲ့
...
သံသယအရောင်
ခပ်ရင့်ရင့်တွေကြောင့်
မုန်းခြင်းတွေ
စွန်းထင်းတဲ့
အလွမ်းပန်းချီကား
တစ်ချပ်ပဲ
ဖြစ်လာခဲ့ပါလား
ချစ်သူရယ်။ ။
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
http://layeiklay.blogspot.com/
No comments:
Post a Comment