Pages

Friday, August 31, 2012

***နင် သိပါစေ***

လင်းလက်နေတဲ့ ကြယ်ကလေးတွေက ငါ့အိပ်မက်တွေဆိုရင်
မှုန်ဝါးဝါးလရောင်လေးက   နင်ပဲဖြစ်ရမယ်။
သီချင်းအေးအေးလေးတွေက  ငါ့အနာဂတ်တွေဆိုရင်
နူးညံ့သိမ်မွေ့တဲ့သံစဉ်လေးတွေက   နင်ပဲပေါ့။

ပတ်ဝန်းကျင်တစ်ခုလုံးကြားအောင် အော်ဟစ်ပစ်ချင်ပေမဲ့
သက်ဆိုင်သူမကြားနိုင်လို့  ရင်ထဲမှာပဲသိမ်းထားတဲ့ စကားတစ်ခွန်းရှိတယ်
ရေမြေတွေ ဘယ်လိုခြားနေပါစေ
အတွေးတွေနဲ့ စိတ်ကူးလေးတွေ တစ်ထပ်တည်းပဲဆိုတာ
        အဝေးတစ်နေရာက “နင်” တစ်ယောက် သိနိုင်ပါ့မလား..။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

No comments:

Post a Comment