Pages

Monday, August 27, 2012

***မင်းဆဒ္ဒန်လို အချစ်မျိုး***

နံရံမှာစိန်စီ  ပိုးဖဲကတ္တီပါခင်း
ရွှေနဲ့အနားကွပ် မြနဲ့အမိုးလုပ်
နတ်သုဒ္ဓါလို  အစားအသောက်တွေ
ပြည့်စုံနေတဲ့ လှောင်အိမ်ထဲ
လွပ်လပ်စွာ ပျံသန်းနေတဲ့
ငှက်ကလေး ပျော်နေမလား
သံသယအတွေး နားလည်မှုဝေး
သ၀န်တိုတဲ့ ချုပ်နှောင်ခြင်းတွေနဲ့
ပြည့်နှက်နေတဲ့
 အတ္တနှလုံးသား   ကမ္ဘာကြားမှာ
ငါပျော်နေနိုင်မလား  ချစ်သူ...။

ဒဿဂီရိလို  နင်အချစ်ကြီးခဲ့ပေမဲ့
နင့်ရဲ့မှားယွင်းတဲ့ အတ္တအတွက်
ငါ  သုဘဒ္ဒါလို အဆင်ခြင်မဲ့
အငြိုးမကြီးချင်ဘူး၊
စောကလျာလိုလည်း မကျိန်ချင်ပါဘူး
ဆဒ္ဒန်ဆင်မင်းလိုဘဲ
အစွယ်ကိုပေးအပ် အသက်ကိုပေးဆပ်လို့
အဝေးကနေဘဲ ကျေနပ်နေမှာပါ   ချစ်သူ။

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/

No comments:

Post a Comment