Pages

Thursday, October 8, 2015

***ချစ်အတ္တ***


နက်နဲတဲ့အရာကိုမှ အဖြေရှာချင်ခဲ့တာ
မတန်မှန်းသိရက်နဲ့ ပိုင်ဆိုင်ချင်ခဲ့တာ
တကယ်ဆို ပြိုင်ပွဲမဝင်ခင်က ရှုံးနိမ့်ပြီးသား။

သွေးစိမ့်ယိုစီးနေသော နှလုံးသားဆီမှာ
မီးတောက်တစ်ခုလုံးကို ဝါးမျိုနိုင်လောက်တဲ့
ချစ်ခြင်းရနံ့တွေ သင်းနေသမျှ
ဒူးဆက်ထောက်မိအုံးမှာပါ။

ဖွင့်ဆိုချက်တွေဘယ်လောက်များများ
အချစ်ရဲ့ တံဆိပ်တစ်ခုက
အရာအားလုံးကို ပိုင်ဆိုင်လိုခြင်းပါပဲ။

လရိပ်လေး (မောင်းမကန်)
19. 9 .2015
http://layeiklay.blogspot.com/

No comments:

Post a Comment