Pages

Wednesday, November 11, 2015

***ဘာကြောင့်လဲ - ဘယ်လိုလဲ***

ပန်းပင်တစ်ပင်ကို ပျိုးလိုက်သောသူသည်
ပန်းပွင့်ကိုလိုချင်သည် (သို့) ပန်းပင်ကို ရှင်သန်စေချင်သည်။
ပန်းပွင့်ကို ကြည့်ခွင့်ရနေချင်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုအကြောင်းရာအားလုံး၏
နောက်ကွယ်တွင် တက်မက်ခြင်း တဏှာတစ်ခု ကပ်ငြိပါနေသည်။

ပြိုင်ပွဲတစ်ခုတွင် ဝင်ပြိုင်သူများသည်
အောင်နိုင်ခြင်းကို နှစ်သက်ကြသလို
ရှုံးနှိမ့်ခြင်းကို စက်ဆုပ်ကြသည်။
ယှဉ်ပြိုင်ခြင်းသာ အဓိကဟူသည့် စကားသည်
လိုချင်တက်မက်သော လောဘတဏှာအတွက်
မုသားသုံးထားခြင်း ဖြစ်သည်။

လောက၌လူသားတိုင်းသည်
မိမိကိုယ်ကိုသာ ပိုချစ်ကြသည်ဖြစ်၍
မိမိကိုယ်ကိုယ်သာ ပြန်လည်သုံးသပ်ပြီး
မိမိ၏ ယုံကြည်ချက်ကို အသက်သွင်းသင့်သည်။

အလုပ်တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုအတွက်
- ဘာကြောင့် လုပ်တာလဲ
- ဘယ်လိုလုပ်မှာလဲ
ဆိုသည့် အချက်များကို ထည့်သွင်းစဉ်းစားသင့်ပေသည်။

လရိပ်လေး (မောင်းမကန်)
1. 11 .2015
http://layeiklay.blogspot.com/

No comments:

Post a Comment