Pages

Wednesday, November 11, 2015

***အချစ်မှားသူ***


ကျွန်မ အရမ်းချစ်ခဲ့ရသော အထီးကျန်ခြင်းကို
စွန့်လွှတ်ခဲ့မိသည့် အပြစ်ကြွေးကြောင့်
ဖိအားများကြားက ဘဝနာတရတွေ
ဖြာကျလာတာ အကြိမ်ကြိမ်အခါခါပါ။


ချစ်ခြင်းကြောင့် လွမ်းရသည်။
မုန်းခြင်းကြောင့် ရင်နာရသည်။
လိုချင်မှုကြောင့် လွတ်လပ်မှုကိုဆုံးရှုံးရသည်။
သည်းခံရင်းနှင့် အစော်ကားခံရသည်။
ကျေးဇူးတရားကို ထောက်ထားရင်း
ခြေတစ်လှမ်းနောက်ဆုတ်ရသည်။

ဘဝ၏အနာဂတ်ကို ငေးရင်းမျက်ရည်ကျဖူးသည်။
အတိတ်ကို တွေးရင်း ကြည်နူးခဲ့ဖူးသည်။
ပစ္စုပ္ပန်ဝယ် အမှန်ကို သယ်ဆောင်ရင်း
သေခြင်းသမိုင်းလှဖို့ ကျွန်မရုန်းကန်နေရသေးသည်။

မဟာပထဝီမြေကြီးသည်
ကျွန်မအားလက်ကမ်းကြိုလျက်
နေ့ရက်တွေ ရေတွက်နေခဲ့ပြီ။

လရိပ်လေး (မောင်းမကန်)
9.11.2015
http://layeiklay.blogspot.com/

No comments:

Post a Comment