Pages

Thursday, April 21, 2016

***ချစ်ဆိပ်****

ဖြေဆေးမဲ့ အဆိပ်တစ်ခွက်ကို
သောက်မိမှတော့ အလွမ်းက
ဦးမော့ရင်ကော့ပြီပေါ့။

ရူးမိုက်ခြင်းကို စားသုံး
တစ်ဘဝစာ ရှင်သန်မှုက
အလွမ်းမြေဆီတွေနဲ့
အဆိပ်ပင်ကို ရေလောင်းနေမိကြ။

ဘဝအခင်းအကျင်းလှဖို့
အဆိပ်ပြယ်စေမဲ့ ဗျူဟာ
သုံးရလိမ့်မယ်။

ဘဝဆိုတာ အချစ်တစ်ခုတည်းနဲ့
ရှင်သန်ခွင့်ရှိတဲ့ အရာမဟုတ်ဘူး။

လရိပ်လေး (မောင်းမကန်)
17.4.2016
http://layeiklay.blogspot.com/

No comments:

Post a Comment