Pages

Monday, April 25, 2016

*****ချစ်သူမျက်နှာ သူ့အရိပ်မှာ*****


လရောင်ရွှန်းဖြာ ညချမ်းခါဝယ်
ကြည်သာရွင်လန်း စိတ်အေးချမ်း၍
စိတ်နွမ်းများလည်း ပြေရသည်။

အမှောင်ကိုခွင်း လအဆင်းဝယ်
ချစ်ခြင်းတူမျှ ချစ်ခဲ့ရသည့်
တိတ်ကချစ်သူ မေ့သည်းအူကို
ပုံတူထပ်ကာ မြင်ရသည်။

မကြင်စိမ်းကား သူထားသွားလည်း
တိမ်ဖျားထက်က လရောင်လှကြောင့်
ချစ်ရသူအား ပွေ့ဖက်ထားသလို
ထင်မှားစိတ်ဝယ် ပျော်ရသည်။

လရိပ်လေး (မောင်းမကန်)
22.4.2016
ttp://layeiklay.blogspot.com/

No comments:

Post a Comment