Pages

Tuesday, August 2, 2016

***စိတ်ခွန်အားမှ လူ့ဘဝဆီသို့***

ငယ်စဉ်ကစ လူ့ဘဝကို
သင်ပြညွှန်ကြား မေတ္တာထားလျက်
ခွန်အားပေးဝေ ချစ်မေမေနှင့်
စာပေပညာ ထပ်ဆင့်ရှာဖို့
ပမာသွေးသား မြတ်စိတ်ထားရှင်
ဆရာများအား လွမ်းလှပြီ။


ချစ်ခြင်းလွမ်းခြင်း စိုးမိုးရင်းလေ
စစ်ခင်းနေရ လူ့ဘဝဝယ်
လမ်းပြသူများ ကျေးဇူးတရားကို
ခွန်အားဖြင့်လေ ဆပ်နိုင်စေဖို့
နေ့တွေမနား ငါကြိုးစားမည်။

ထိုခရီးအစ ဝေဖန်ရှုတ်ချ
ဒုက္ခများစွာ တွေ့ကြုံပါလည်း
မှန်ရာလမ်းထံ ကြံ့ကြံ့ခံ၍
စံထားစရာ ဖြစ်လို့လာအောင်
ချိန်ခါနဲ့အညီ ကြိုးစားမည်။

လရိပ်လေး (မောင်းမကန်)
31.7.2016
http://layeiklay.blogspot.com

No comments:

Post a Comment