Pages

Tuesday, August 2, 2016

***အချင်းချင်း ကူညီအားပေးနိုင်ကြပါစေ***


သူတစ်ပါးအား ကူညီရန် စိတ်ကူးရှိသောသူသည်
မိမိအရည်အချင်းနှင့် ကူညီရန်တတ်နိုင်သောနေရာကို
ရှာဖွေ၍ သင့်လျော်သည့်နေရာများတွင် ပေးဆပ်ကူညီကြသည်။

အရာအားလုံးပြီးပြည်စုံမှ ကူညီခွင့်ရှိမယ်လို့ယူဆရင်
လူတွေကိုဘယ်တော့မှ ကူညီခွင့်ရမှာမဟုတ်။

အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ဘယ်တော့မှ
အရာအားလုံးပြီးပြည့်စုံသော ပညာကို မရနိုင်။

မိမိ၏ အရည်အချင်း၊ လုပ်နိုင်စွမ်းအားဖြင့်
အချင်းချင်း ကူညီအားပေးနိုင်ကြပါစေ။

လရိပ်လေး (မောင်းမကန်)
2.8.2016
http://layeiklay.blogspot.com

No comments:

Post a Comment