Pages

Monday, August 1, 2016

***အောင်မြင်ခြင်း ပန်းတိုင်သို့***

ဆန္ဒတစ်စုံ၏ တောင်းဆိုချက်ကြောင့်
စွန့်လွှတ်ခြင်းနှင့် စွန့်စားခြင်းကို
တပြိုင်နက်တည်း ကျွန်မရရှိခဲ့သည်။

လက်တွေ့သင်ယူခြင်းနှင့်
သင်ယူလေ့လာစိတ်က
ပန်းတိုင်ကို အမှန်တကယ်
ရောက်ရှိနိုင်သည်ဆိုသော ကျွန်မ၏ခံယူချက်က
ကျွန်မအား ခွန်အားဖြစ်စေခဲ့သည်။

ကျွန်မ၏ အရည်အချင်းနှင့်တန်သောနေရာတစ်ခု
ရွေးချယ်၍ ဘဝကိုဖန်တီးခြင်းသည်
တန်ဖိုးရှိစွာ ဘဝကိုရုန်းကန်ခြင်းဖြစ်သည်။

ထိုကြောင့် အတွေးသစ်များဖြင့်
အောင်မြင်သော လမ်းသစ်ဆီ
ယုံကြည်ချက်က တွန်းပို့ဆဲ။

တစ်နေ့ သူနဲ့ကျွန်မ
မှတ်တိုင်တစ်ခုမှာ ဆုံမည်။

လရိပ်လေး (မောင်းမကန်)
7.7.2016
http://layeiklay.blogspot.com

No comments:

Post a Comment