Pages

Monday, August 1, 2016

***နွံ***

ငရဲတမျှ ပူလောင်လှလည်း
ရင်မှပေါက်ဖွား ချစ်တရားက
သွေးသားဆီသို့ စီးဝင်သည်။

မြင်တွေ့ခဏ ရင်ခုန်ကြလျက်
ဘဝလှအား ချစ်စိတ်များဖြင့်
ခံစားပုံဖော် ခဲ့ကြသည်။

ထိုသို့အချစ် တကယ်စစ်က
မပစ်ခွာရက် ပေးဆက်လျက်သာ
တစ်သက်တာဝယ် စိတ်မှန်းရွယ်၍
မပြယ်ချစ်ခြင်း ပုံအပ်နှင်းက
နေမင်းတမျှ ပူတော့သည်။

သို့ပါသော်ငြား လူသားများသည်
ချစ်အားရှောင်ရန် ခက်ပြန်သည်။

လရိပ်လေး( မောင်းမကန်)
14.6.2016
http://layeiklay.blogspot.com

No comments:

Post a Comment