Pages

Tuesday, August 2, 2016

***သမီးကို ရှာနေတဲ့ အဖေ***


"သမီးကို ရှာနေတဲ့ အဖေ"တဲ့လေ၊
ဆရာ့ဆီက အဲဒီစကားလုံးကြားလိုက်ရတာ အရမ်းပျော်တယ်ဆရာ။
"ကျွန်တော့ဆရာသမီးလေ ခုမှပြန်ဆုံရတာ၊ အရမ်းပျော်တယ်"ဆိုပြီး လွှတ်တော်အမတ်တွေကိုခေါ်ပြီး မိတ်ဆက်ပေးလိုက်သေး။

၎နှစ်သမီးကတည်းက အဖေမရှိတော့တဲ့ ကျွန်မတို့မောင်နှမ နှစ်ယောက်ကို ၉တန်း ၁၀တန်း ကျောင်းစရိတ်ထောက်ပံ့ပေးပြီး ပညာသင်ပေးခဲ့တဲ့ဆရာ၊ ကျန်းမာရေး နေထိုင်ရေးကိုပါ ဂရုစိုက်ပေးခဲ့တဲ့ဆရာ။ သမီးအမြဲသတိရနေခဲ့ပါတယ်။

အဝေးကြီးမှာရောက်နေခဲ့ပေမဲ့ သမီးကလည်း ဆရာ့ကို ရှာနေခဲ့တာပါ။ အခုသမီးရဲ့ကုသိုလ်ကြောင့်ထင်ပါရဲ့၊ သမီးတို့ရဲ့ဆရာက နေပြည်တော်မှာ လွှတ်တော်အစည်းအဝေး လာတက်ရင်း ပြန်ဆုံလိုက်ရတယ်။

ဆရာက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်လုပ်ဆောင်နေတုန်း သမီးကလည်း ဘဝကို ရုန်းကန်ရင်း အများအတွက် လုပ်ဆောင်မဲ့
ရည်မှန်းချက်တွေနဲ့ ရည်ရွယ်ချက်တူရာသို့ လျောက်လှမ်းခွင့်ရတော့မှာမို့ အတိုင်းမသိ ဝမ်းသာရပါတယ်။
ဆရာ့ကျေးဇူး အဖေ့ကျေးဇူးကို ပြန်ဆပ်ရင်း ထားဝယ်ဒေသ တိုးတက်ဖို့အတွက် ကူညီခွင့်ရပါစေလို့ ဆုတောင်းရင်း။

လရိပ်လေး (မောင်းမကန်)
01.08.2016
http://layeiklay.blogspot.com

No comments:

Post a Comment