Pages

Tuesday, June 2, 2015

***အဖေ့မေတ္တာ***

ပန်းတိုင်တစ်ခုကို လှမ်းချင်တိုင်း
လွမ်းမိတာ အဖေ၊
မျက်ရည်ကျလောက်အောင်
အခက်အခဲတွေ ကြုံရတိုင်း
လွမ်းမိတာ အမေ။

အဖေဖြစ်စေချင်တာ
ပညာမျှဝေနိုင်တဲ့
သမီးလေးတွေတဲ့လေ၊
သမီးကြိုးစားရင်း
တမလွန်က အဖေ့ကို
ကျေးဇူးဆပ်နေပါတယ်။

အမေ့ရဲ့အားပေးစကားတွေနဲ့
ဘဝခရီးကိုလျှောက်လှမ်းနေပါတယ်။

ဒါပေမဲ့...
သူငယ်ချင်းတွေ အဖေဆီက
သမီး နေကောင်းလား?
ဘယ်နေ့ပြန်လာမှာလဲ?
မေးသံလေးကြားတိုင်း
ရင်တစ်ခုလုံး မီးလောင်မြိုက်သလိုခံစားရပြီး
အဖေ့မေတ္တာကို လိုချင်လာတယ် အဖေ....။

လရိပ်လေး(မောင်းမကန်)
2 – 6 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment