Pages

Tuesday, June 2, 2015

***ချစ်မဲ့ည***

အတိတ်တစ်စ မေ့မရပဲ
တသသစွဲ ချစ်ရဆဲမို့
ရင်ထဲဒဏ်ရာ နာကျင်စွာနှင့်
ကဗျာလေးတွေ ရေးမိပေ။

ညအမှောင်မှာ လရောင်ဖြာလျက်
ကြယ်ရာကြွေလေး မျှော်ကာငေးရင်း
ချစ်သွေးကြွယ်စ တူဘဝကို
လွမ်းရရင်နာ အကြိမ်ကြိမ်ခါ။

လရောင်လည်းဖြာ တေးသံသာနှင့်
ကဗျာမမှီ ညပန်းချီကို
စီရီဖွဲ့ထုံး ကဗျာကုံးလည်း
ချစ်ဆုံးသခင် မရှိလျင်ကား
ရွှေရင်ကွဲရှ ချစ်မဲ့ညမို့
လွမ်းရသည်မှာ ချိန်တိုင်းသာ။

လရိပ်လေး(မောင်းမကန်)
1 – 6 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment