Pages

Friday, November 4, 2016

***ဆရာမ ဝါဝါထင်လင်းရဲ့ စာအုပ်အလှူ***

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း
စာပေကို စိတ်ဝင်စားမိသော ကျွန်မသည်
စာပေကိုရေးသားရင်း ပညာများမျှဝေပေးနေသည့်
စာရေးဆရာမ ဝါဝါထင်လင်းဆီရောက်ခဲ့ပါသည်။။

ဆရာမက ကျွန်မအား စာအုပ်လက်ဆောင်ပေးရန်စတင်ခေါ်ယူခဲ့ပါသည်။
ထိုစဉ် အခွင့်အရေးစောင့်နေသော ကျွန်မသည်
ရွှေဘိုမြို့ ပိဋကတ်အောင်မြင်ကျောင်းတွင် စာကြည့်တိုက်လေး လုပ်ပေးချင်သောကြောင့်
ဆရာမ ပေးချင်သော စာအုပ်များလှူဒါန်းပေးပါရန်
ချက်ချင်းတောင်းဆိုမိတော့သည်။

တောင်းဆိုသည့်စကားပင် မဆုံးသေး ဆရာမက
မနက်ဖြန် စာအုပ်များမွှေနှောက်လာယူနိုင်ကြောင်း
ခွင့်ပြုပါသည်။

ထိုကြောင့်အလုပ်များကို ခဏဖယ်ထားပြီး ဆရာမဆီ
အပျော်များစွာဖြင့် သွားရောက်ခဲ့သည်။ ရောက်ရောက်ချင်းပင်ဆရာမနှင့်အတူစာအုပ်များ
မွှေနှောက်သည်။ ဆရာမပေးသမျှစာအုပ်များယူသည်။

ဆရာမက စာအုပ်များကို သီးသန့်လက်မှတ်ထိုးပေးသည်။
စုဆောင်းထားသည့်စာအုပ်များလည်း ပေးသည်။
ဝမ်းသာမိတာ အတိုင်းမသိပါပဲ။

ဆရာမက ကော်ဖီမုန့်ကျွေးသည်။
စာပေအကြောင်းတွေ အများကြီးပြောပြသည်။ 
စာအုပ်တွေအများကြီးရခဲ့သောကျွန်မ
ဆရာမအား ကန်တော့ပြီး ပြန်လာခဲ့သည်။

ဆရာမကဆုပေးသည်။
သမီးရဲ့နှလုံးသားထဲကဖြစ်ပေါ်လာသည့် ကောင်းမွန်သော ဆန္ဒများအောင်မြင်ပါစေတဲ့။
စိတ်ထားဖြူစင်ပြီး သမီးတို့အပေါ်အရမ်းချစ်သောဆရာမလည်း
ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှုများ ထာဝရပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးနေမိသည်။

ဆရာမကြီး ကြူကြူသင်းဆီလည်း ကန်တော့ရင်း မွှေနှောက်ရန်သွားရောက်ပါမည်။

လက်ဦးမှုရလိုက်ပြီမို့ စာအုပ်မရလိုက်သောသူများ
မနာလိုခြင်းများပေါက်ဖွားစေရန် ပုံနှင့်တကွတင်လိုက်ပါသည်။

စာရေးသူ မိတ်ဆွေများတစ်ဦးချင်းစီထံမှလည်း
ထပ်မံအလှူခံသွားပါအုံးမည်။

လရိပ်လေး (မောင်းမကန်)
2.11.2016
ဖုန်း - 09795544005
http://layeiklay.blogspot.com
 

No comments:

Post a Comment