Pages

Wednesday, November 16, 2016

***ငွေနှင့် သူ၏အကျိုး***

ငွေကြေး ပျက်စီးလျင်
ပြန်လည်ရှာဖွေတည်ဆောက်၍ ရနိုင်၏။

ယုံကြည်မှု ပျက်စီးလျင်
ပြန်လည်တည်ဆောက်ရန် ခက်ခဲ၏။

ငွေကြေးကြောင့်
မိတ်ဆွေစစ်တို့၏ ယုံကြည်မှုအား
အလွဲသုံးစားမလုပ်သင့်။

ငွေကြေးကြောင့်
မိဘနှင့် ဆရာသမားတို့အား
မစော်ကားသင့်။

လူအဖြစ်ရပ်တည်နေစဉ်အတွင်း
မိဘ၊ ဆရာသမားအား အလေးထားလျက်
မိတ်ဆွေစစ်တို့နှင့် ယုံကြည်မှုကို
တည်ဆောက်ထားသင့်သည်။

ငွေသည်သုံးတတ်လျင် ကောင်းကျိုးရပြီး
မသုံးတတ်လျင် ဆိုးကျိုးကိုသာပေးစွမ်းနိုင်၏။

လရိပ်လေး (မောင်းမကန်)
16.11.2016
http://layeiklay.blogspot.com/

No comments:

Post a Comment