Pages

Saturday, November 12, 2016

***ချစ်လွမ်းဆုံစေ ရွှေဘိုမြေ***

လူငယ်အသိ တကယ်ရှိက
ထိမိလှပ အနာဂတ်ရမည်။

ထိုသို့အမြင် စိတ်ဝယ်ထင်လျက်
အမြင်ရှိသမျှ ဆွေးနွေးပြ၍
တူတကွတွေး သင်တန်းလေးကို
ပေးခဲ့ပါသည်။

သင်တန်းပုံရိပ် ပြန်ကာတွေ့တော့
လွမ်းငွေ့ကဝေ ဖြေမပြေလည်း
နေရပ်ကလေ အလုပ်တွေကြောင့်
မဖြစ်မနေ ပြန်လာရပေ။

တောင်းဆုတိုင်းဝယ် ပြည့်ခဲ့မယ်ဆို
မတွေးမပူ မေ့ရက်သူသာ
အချိန်တိုင်းမှာ ဖြစ်ပါရစေ။

ခုတော့လည်းလေ အလွမ်းကဝေ
တမ်းတမိနေ ရွှေဘိုမြေမှ
ဖော်ရွှေလှတဲ့ သူတို့လေးတွေ။

လရိပ်လေး (မောင်းမကန်)
12.11.2016
http://layeiklay.blogspot.com/

8.11.2016 မှ 11.11.2016 ထိ
ရွှေဘိုမြို့ ပိဋကတ်အောင်မြင် ကျောင်းတိုက်မှာ
Communication&Facilitation Training
သင်တန်းသား/သူများနှင့် အမှတ်တရ ....


No comments:

Post a Comment