Pages

Friday, November 4, 2016

***ဂုဏ်ယူစရာနှင့် ရှက်စရာ***

အင်္ဂလိပ်စကား မပြောတတ်တာ ရှက်စရာလား
မြန်မာစကား မပြောတတ်တာရှက်စရာလား
ခွဲခြားသိဖို့လိုနေတဲ့ခေတ်မှာ

ကျွန်မကတော့ စကားဝဲလို့ ဘာလူမျိုးလဲမေးရင်
ထားဝယ်လူမျိုးလို့ ဖြေရတာအရမ်းကြည်နူးနေမိ။

ထားဝယ်မှာ မွေးပြီး ထားဝယ်မှာကြီးပြင်းခဲ့လို့
မြန်မာစကားမပီတာ ဂုဏ်ယူစရာ။

မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာကြီးပြင်းခဲ့လို့
အင်္ဂလိပ် စကားမပီတာကလည်း ဂုဏ်ယူစရာပါ။

မြန်မာပြည်မှာမွေး မြန်မာလူမျိုးဖြစ်ရက်နဲ့
မြန်မာစကားမပီ၊မြန်မာစာသေချာအောင်မရေးတတ်ပဲ
အင်္ဂလိပ်စာပဲ အရေးများအသုံးများလို့ပါလို့
ဂုဏ်ယူနေတဲ့သူတွေအတွက်က တကယ့်ရှက်စရာပါ။

ဂုဏ်ယူစရာနှင့် ရှက်စရာအား ခွဲခြားသိရှိကြပါစေ။

လရိပ်လေး (မောင်းမကန်)
3.11.2016
http://layeiklay.blogspot.com

No comments:

Post a Comment