ပွင့်ပြီးရင်နွမ်း သူလိုပန်းကို
ရေဖြန်းလည်းလေ မြေခကြွေမှာ
ဓမ္မတာဆိုတာ သိခဲ့ပေ။
ချစ်ခြင်းမေတ္တာ ရှိနေပါလည်း
သစ္စာမဲ့ကာ ဖောက်ပြားလာသော်
လွမ်းများဝေတာ သိခဲ့ပေ။
လူသားဆန်စွာ ချစ်ရပ်ဝန်းမှာ
မကွာမြဲလျက် သည်းလွှာဖက်၍
နေ့ရက်တိုင်းမှာ နေချင်ပါလည်း
မြဲရာသေခြင်း ရှိခဲ့ပေ။
ခွဲခွာခြင်းထဲ နှစ်မျိုးကွဲသည်
ရှင်ကွဲလေလား သေကွဲများလား
သိထားလျက်သာ သုံးသပ်ပါမူ
ရင်မှာပူတွေ ဖြေတတ်ပေ။
လရိပ်လေး (မောင်းမကန်)
4.11.2016
http://layeiklay.blogspot.com



No comments:
Post a Comment