Pages

Friday, November 4, 2016

*** နိုင်ငံကျော် စာရေးဆရာမကြီး ကြူကြူသင်းဆီ ဂါရဝပြုကန်တော့ရင်း***

စာပေလောကအတွက် အဆိပ်သင့်စာပေများကို မရေးပဲ
အတုယူစရာ စာပေကောင်းတွေကိုသာ ရေးသားရန်လမ်းညွှန်ပေးခဲ့သော
 နိုင်ငံကျော် စာရေးဆရာမကြီး ကြူကြူသင်းဆီ ဂါရဝပြုကန်တော့ရင်း
သွားရောက်ခဲ့ပါတယ်။

ဘယ်လောက်ဝေးနေနေ အချိန်တိုင်း တပည့်သားသမီးတွေကို အမှတ်ရနေတဲ့ ဆရာမကြီး
စာရေးနည်းသင်တန်းတိုင်းကတပည့်တွေရဲ့ စာမူတွေကို မနေမနားဖတ်ပေးပြီး အစစအရာရာ လမ်းညွှန်ပေးနေသော ဆရာမကြီး ဇရာအိုပေမဲ့
ပညာမအို စေတနာပိုနေသော ဆရာမကြီး
ရွှေဘိုမြို့က လူငယ်လေးတွေအတွက် စာအုပ်တွေအများကြီး လက်ဆောင်ပေးလိုက်တယ်။

ဆရာမကြီးကို လက်ဆယ်ဖြာနဲ့ကန်တော့တာ ဆုတွေပေးလို့ အရမ်းကြည်နူးခဲ့ရတယ်။

သမီးတို့ရဲ့ စာပေလောကအတွက်
ဆရာမကြီးလို စာရေးဆရာမကြီးတစ်ယောက်
အသက်ရာကျော်ရှည်ပြီး ကျန်းမာစွာရှိနေပါစေလို့ဆုတောင်းနေမိပါတယ်။

ဆရာမကြီးကိုလည်းကန်တော့ခွင့်ရ
စာအုပ်တွေလည်းအများကြီးရခဲ့တာမို့
တစ်သက်တာအတွက်မေ့မရတဲ့
နေ့လေးတစ်နေ့ပါရှင်။

လရိပ်လေး (မောင်းမကန်)
4.11.2016
http://layeiklay.blogspot.com
 

No comments:

Post a Comment