Pages

Friday, November 18, 2016

***ဆရာမကြီးမေကျော့ရှင်းကို တွေ့ဆုံရင်း ကန်တော့ခွင့်ရ***

ဘန်ကောက်ကနေ ရောက်ရောက်ချင်း မမောမပန်း
စာအုပ်တွေလာယူဖို့ ဖုန်းဆက်ခေါ်ခဲ့တယ်။

လေယာဉ်ပေါ်အပင်ပန်းခံ တကူးတကသယ်ဆောင်လာသော
စာအုပ်များကို စေတနာအပြည့်ဖြင့် ပေးခဲ့တယ်။

စာပေနဲ့ပတ်သက်ပြီး မနားမနေကြိုးစားအားထုတ်ပြီး
လူငယ်တွေကို အသိပညာပေးရင်း
စာပေအသိတွေကိုမျှဝေပေးနေသော
စာရေးဆရာမကြီးမေကျော့ရှင်းကို
ဝမ်းသာအားရတွေ့ဆုံရင်း ကန်တော့ခွင့်ရခဲ့ပါတယ်။

ရွှေဘိုမြို့ပိဋကတ်အောင်မြင်ကျောင်းတိုက်မှာ
စာကြည့်တိုက်တစ်ခု စတင်ဖွင့်လှစ်ဖို့ကြိုးစားနေတဲ့
ကျွန်မကို ဝမ်းသာအားရကူညီပေးတာမို့ အတိုင်းမသိပျော်ရွှင်မိပါတယ်။

ဆရာမကြီး အသက်ရှည်ကျန်းမာပြီး အများအကျိုးကို
ဒီထက်မကဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းနေမိပါတယ်ရှင်။

Excel Tower Hotel မှာ
စေတနာပြည့်ဝသော ဆရာမကြီးနှင့်အတူ ကြည်နူးရင်း

လရိပ်လေး (မောင်းမကန်)
18.11.2016
http://layeiklay.blogspot.com

No comments:

Post a Comment