Pages

Sunday, December 8, 2013

***သောက၏ဆန္ဒ***


တဏှာနွံနစ်
ချစ်ကျွန်ဖြစ်
စွဲရစ်အတ္တ ပူလောင်လှ။

ချစ်စိတ်မွှန်လျှင်
မှန်မမြင်
စွဲခင်မောဟ ဗျာများရ။

ချစ်အားကုန်လျှင်
မုန်းစိတ်ဝင်
ရွှေရင်ပူလှ လွမ်းဆိပ်ရှ။

ချစ်လည်းမခင်
လွမ်းစိတ်စင်
ကိုယ်ပင်ဖြစ်ရ ခုဘ၀။

လရိပ်လေး(မောင်းမကန်)
(၁ .၁၂ .၂၀၁၃)

No comments:

Post a Comment