Pages

Thursday, December 19, 2013

***ရင်ပြိုစေသော မိုး***



အားကစားမှာပြော
ဘောလုံးတဲ့လေး။
ရွှေမြန်မာတွေ သွေးနဲ့ရေးကာ
ကြွေးကြော်တဲ့တေး။

နိုင်ငံလုံးသည်ချိန်ခါ
တက်ကြွစွာအားပေး။
မြန်မာရယ် သိက္ခာဆုံးလို့
ရှုံးပြန်ပြီလေး။

အားကစားမယ်တွေ
ရေမြေတွက်တွေး။
ခြေပဂိုး အကြိမ်ကြိမ်သွင်းလို့
တင်းခံလိုက်သေး။

မမြင်ရက်ပါ
နာကျင်လှသေး။
အရည်ချင်းမှာ သာပေမဲ့လည်း
ချိနှဲ့ကြမ္မာ မျက်နှာမွှဲရယ်မို့
လွဲရတဲ့ ဗိုလ်လုပွဲကြောင့်ကွယ်
ဆောင့်အောင့်ငိုကြွေး။

လရိပ်လေး(မောင်းမကန်)
(၁၉ .၁၂ .၂၀၁၃ )

No comments:

Post a Comment