Pages

Saturday, January 25, 2014

***ကိုယ်စား ဆုတောင်း***


နေရာလုရင်း
သတ်ဖြတ်ခြင်း
မြန်ကင်းဝေးစေ မြန်မာပြည်။

ပါတီအချင်းချင်း
သွေးကွဲခြင်း
မြန်ကင်းဝေးစေ မြန်မာပြည်။

လာဘ်ပေးလာဘ်စား
အမှုမှား
လွှင့်ပါးပျောက်စေ မြန်မာပြည်။

လယ်မြေသိမ်းရေး
ဒုက္ခဘေး
ကင်းဝေးပါစေ မြန်မာပြည်။

မြစ်ချောင်း ရေ အင်း
ခန်းခြောက်ခြင်း
ကင်းဝေးပါစေ မြန်မာပြည်။

တောတောင်ပျက်ယွင်း
ဖျက်ဆီးခြင်း
ကင်းဝေးပါစေ မြန်မာပြည်။

လူမျိုးခြားများ
ဝါးမျိုအား
လျော့ပါးပါစေ မြန်မာပြည်။

ရန်ကိုရန်ချင်း
မတုံ့နှင်း
ဖြေရှင်းကြလေ မြန်မာပြည်။

ငြိမ်းချမ်းစေရေး
စုံညီတွေး
ဖေးမကူလေ မြန်မာပြည်။

လူထုအရေး
ဦးစားပေး
ဆွေးနွေးကြစေ မြန်မာပြည်။

သာသနာဆင်း
ရွှေရောင်ဝင်း
ထွန်းလင်းပါစေ မြန်မာပြည်။

လရိပ်လေး(မောင်းမကန်)
(၂၅ . ၁ . ၂၀၁၄)

No comments:

Post a Comment