Pages

Tuesday, January 7, 2014

***ဒွိဟ***


အာဟာရဖြစ်ဖို့ ဆာလောင်မှုကို
ရေဖြစ်ဖြစ် စားစရာတစ်ခုနဲ့ဖြစ်ဖြစ်
အစားထိုးလို့ရပေမဲ့

နှလုံးသားက သတိရခြင်းကို ဖြေသိမ့်ဖို့
ဘယ်အရာနဲ့မှ အစားထိုးလို့မရပါလား

အချစ်ဆိုတာ
နှလုံးသားရဲ့ ရေသောက်မြစ်လား
အလွမ်းဖြစ်စေတဲ့ မျိုးစေ့လား

ဝေခွဲမရခြင်းအမြစ် ဖြာထွက်လာလေလေ
အရူးရင့်လာလေမို့ ချစ်ခြင်းကို နှုတ်ပစ်ချင်တယ်ကွယ်။
ဒါပေမဲ့ ............
ငါ့စိတ်တွေ လက်တွန့်နေတယ်။

လရိပ်လေး (မောင်းမကန်)
(၇ .၁ .၂၀၁၄)

No comments:

Post a Comment