Pages

Sunday, August 23, 2015

***ဂုဏ်ယူထိုက်စွာ တို့မြန်မာ***


ရေးဘေးဒုက္ခ ကြုံလာရချိန်
ဖေးမအားကူ စိတ်ကြည်ဖြူလျက်
ညီတူလက်တွဲ မေတ္တာကဲ၍
သဲသဲလှုပ်မျှ လှူဒါန်းကြရာ
မြင်ရသူမှာ စိတ်ကြည်သာသည်။


ဝေးရပ်မြေခြား မြန်မာများလည်း
စိတ်ထားတက်ကြွ စုစည်းကြလျက်
ဝေမျှခံစား ဒါနပွားကာ
အများကျိုးတွက် ပေးကမ်းလက်နှင့်
သက်ဆက်စေတာ ဂုဏ်ယူပါသည်။

နေရာများစွာ ဖြန့်ကျက်ကာဖြင့်
မြန်မာစိတ်ထား မာန်ဝင့်ကြွားသို့
အင်အားနဲ့ငွေ ဖြည့်စွက်ဝေလျက်
ရေမြေတောတောင် ဘေးမရှောင်ပဲ
များမြောင်လူသား ဘဝများအား
လေးထားကယ်ပေး မြန်မာ့သွေးကို
လေးစာအစဉ် ချစ်စိတ်ဝင်သည်။

ပေးလှူသူများ မြတ်စိတ်ထားကို
လေးစားအားကျ ကြည်နူးလှ၍
ရင်မှကဗျာ ရေးစပ်ကာဖြင့်
မြန်မာပြည်ဖွား သွေးချင်းများအား
တင်စားဂုဏ်ယူ မှတ်တိုင်ထူသည်
နတ်လူသာဓု ခေါ်စေသော်။

လရိပ်လေး ( မောင်းမကန်)
( 13 - 7 - 2015 )
http://layeiklay.blogspot.com/

No comments:

Post a Comment